“ဟော်မုဇ်ရေလက်ကြား ဘေးကင်းရေးအတွက် အပစ်အခတ်ရပ်စဲပြီးမှသာ ကူညီမည်ဟု အီတလီ၊ ဂျာမနီနှင့် ပြင်သစ် ပြော”
21 Mar
ဟော်မုတ်ရေလက်ကြားအတွင်း သင်္ဘောများဘေးကင်းစွာ ဖြတ်သန်းနိုင်ရေးအတွက် ကူညီရန် အဆင်သင့် ရှိသော်လည်း အပစ်အခတ်ရပ်စဲပြီးမှသာ ဆောင်ရွက်မည်ဖြစ်ကြောင်း အီတလီ၊ ဂျာမနီနှင့် ပြင်သစ်နိုင်ငံ တို့ကပြောသည်။ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်နှင့် နယ်သာလန်နိုင်ငံ တို့ပါဝင်သော ခြောက်နိုင်ငံသည် ဟော်မုဇ်ရေလက်ကြား ဘေးကင်းရေးအတွက် ဝိုင်းဝန်းကူညီရန် ပြင်ဆင်ထားကြောင်း ကြေညာသော်လည်း အီတလီ၊ ဂျာမနီနှင့် ပြင်သစ် တို့ကမူ စစ်ရေးအရ ချက်ချင်းကူညီမည်မဟုတ်ဘဲ အပစ်အခတ်ရပ်စဲပြီးမှသာ လုပ်ဆောင်မည်ဖြစ် ကြောင်း ရှင်းလင်းပြောထားခြင်းဖြစ်သည်။ အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို စတင်တိုက်ခိုက်ပြီးနောက် အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်ထားသဖြင့်ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့တင်ပို့မှုများ ရပ်တန့်နေသည့်အပြင် ကုန်သွယ်ရေးသင်္ဘော ၂၃ စင်း တိုက်ခိုက်ခံထားရကြောင်းသိရသည်။
21 Mar