“ချန်ပီယံလိဂ်ရှုံးထွက်အဆင့်မှာ ဒုတိယမြောက်အသက်အငယ်ဆုံး ဂိုးသွင်းယူနိုင်မှုမှတ်တမ်းရရှိခဲ့တဲ့ ယာမယ်”
20 Mar
ဘာစီလိုနာအသင်း လူငယ်တိုက်စစ်ကစားသမား ယာမယ် က ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၆ သင်းရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် ဘာစီလိုနာနဲ့ နယူးကာဆယ် အသင်းတို့ပွဲစဉ်မှာ ပယ်နယ်တီမှတစ်ဆင့် အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ပြီးနောက် ပြိုင်ပွဲသမိုင်းတစ်လျှောက် ရှုံးထွက်အဆင့်မှာ ဂိုးသွင်းယူနိုင်တဲ့ အသက် အငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ ယာမယ် ဟာ အဆိုပါပွဲစဉ်တွင် ပါဝင်ကစားခဲ့သည့်အချိန်၌ အသက် ၁၈ နှစ်သာ ရှိသေးတာဖြစ်လို့ ဘာစီလိုနာအသင်း ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ မက်ဆီ ပြီးလျှင် ရှုံးထွက်အဆင့်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဒုတိယမြောက် အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်ပါတယ်။ ယာမယ် အနေနဲ့ လက်ရှိဘောလုံးရာသီတွင် ဘာစီလိုနာအသင်းနှင့်အတူ ပြိုင်ပွဲစုံ ၃၉ ပွဲကစားပြီးချိန်တွင် သွင်းဂိုး ၂၀ သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁၄ ကြိမ်ပြုလုပ်ထားနိုင်ခဲ့ပါတယ်။(NVS 008)