“ဂီမာရေ့စ် ကို စတာလင်ပေါင် ၆၉ သန်းဖြင့် ခေါ်ယူနိုင်ရန် မန်ယူအသင်းကြိုးပမ်း”

20 Mar

မန်ယူအသင်းက ယခုနှစ်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် ကွင်းလယ်ကစားသမား ကက်စ်မဲရိုး နေရာတွင်အစားထိုးရန် နယူးကာဆယ်အသင်းမှ ဂူမာရေ့စ် ကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၆၉ သန်း ဖြင့်ခေါ်ယူနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း Manchester News သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ လက်ရှိတွင် ဂီမာရေ့စ် ကို စပိန်လာလီဂါထိပ်သီးအသင်းဖြစ်သည့် ရီးရဲလ်မက်ဒရစ်အသင်းကလည်း စိတ်ဝင်စားနေတာကြောင့် မန်ယူအသင်းက ပရီးမီးယားလိဂ် အတွေ့အကြုံကောင်းများရှိတဲ့ ဂီမာရေ့စ် ကို ခေါ်ယူ နိုင်ရေးအတွက် နယူးကာဆယ်အသင်းနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ မန်ယူအသင်းက နည်းပြ ကာရစ် ကို ခန့်အပ်ခဲ့ပြီးနောက် ပြိုင်ပွဲစုံကိုးပွဲတွင် ခုနစ်ပွဲထိနိုင်ပွဲရရှိအောင် စွမ်းဆောင်ခဲ့သဖြင့် လာမည့်နှစ်ဘောလုံးရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲ ကစားခွင့်ရရှိရန် မျှော်လင့်ထားတာကြောင့် ကစားသမားသစ်များ ထပ်မံဖြည့်တင်း၍ အောင်မြင်မှုရရှိရန် ပစ်မှတ်ထားနေကြောင်း သိရပါတယ်။(NVS 008)

20 Mar

ADVERTISE HERE .