“လုပ်ခလစာလျှော့ချပြီး အသင်းနှင့်သက်တမ်းတိုးစာချုပ်ရန် ဆုံးဖြတ်ခဲ့တဲ့ တိုက်စစ်မှူး လီဝမ်ဒေါစကီး”

20 Mar

ဘာစီလိုနာအသင်း တိုက်စစ်မှူး လီဝမ်ဒေါစကီး က အသင်းမှထွက်ခွာမည်မဟုတ်ဘဲ လုပ်ခလစာလျှော့ချပြီး သက်တမ်းတိုးစာချုပ် သစ်ချုပ်ဆိုရန် ဆုံးဖြတ်ခဲ့ကြောင်း Fotmob သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ အသက် ၃၇ နှစ်ရှိ လီဝမ်ဒေါစကီး ဟာ ၂၀၂၂ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်မှ ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ ခဲ့သူဖြစ်ပြီး အသင်းနှင့်အတူ ဘောလုံးရာသီတိုင်းတွင် အကောင်းဆုံးခြေစွမ်း ပြသထားကာ လက်ရှိဘောလုံးရာသီ အကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ အစောပိုင်းက လီဝမ်ဒေါစကီး ဟာ အသင်းနှင့် သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုရန် မရေမရာ ဖြစ်နေသော်လည်း ပြီးခဲ့တဲ့ရက်ပိုင်းက ဘာစီလိုနာအသင်းဥက္ကဋ္ဌသစ် ရွေးကောက်ပွဲတွင် လက်ရှိအသင်းဥက္ကဋ္ဌ လာပေါ် တာ ပြန်လည်အနိုင်ရရှိခဲ့ပြီးနောက် လာပေါ်တာ နှင့် ဆက်ဆံရေးကောင်းမွန်သဖြင့် အသင်းနှင့်စာချုပ်သက်တမ်း တိုးစာချုပ်သစ် ချုပ်ဆိုပြီး ဆက်လက်ကစားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။(NVS 008)

20 Mar

ADVERTISE HERE .