“ခြေချင်းဝတ်ဒဏ်ရာကြောင့် ကာလရှည်အနားယူရမည့် ဘာကိုလာ”

20 Mar

ပီအက်စ်ဂျီအသင်းက ချဲလ်ဆီးအသင်းကို သုံးဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၆ သင်း ရှုံးထွက်အဆင့်မှာ ခြေချင်းဝတ်ဒဏ်ရာ ရရှိခဲ့တာကြောင့် ပီအက်စ်ဂျီအသင်း ကစားသမား ဘာကိုလာ ဟာ ကာလရှည် အနားယူရမည်ဖြစ်ကြောင်း ESPN သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ အဆိုပါပွဲစဉ် ပထမပိုင်းပွဲချိန် ၁၅ မိနစ်တွင် အသင်းအတွက် ဒုတိယဦးဆောင်ဂိုး သွင်းယူခဲ့သော်လည်း ဒုတိယ ပိုင်းပွဲချိန် ၅၉ မိနစ်တွင် ခြေချင်းဝတ်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့မှုကြောင့် အသင်းဖော်ကစားသမား ဒူအီ နှင့် လူစားလဲခဲ့ရပြီး ဒဏ်ရာကို လိုအပ်သည့်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရပါတယ်။ လက်ရှိတွင် ဘာကိုလာ ရဲ့ ဒဏ်ရာအခြေအနေမှာ အရွတ်ထိခိုက်မှု ရှိနေတာကြောင့် အသင်းဆေးအဖွဲ့က အတိအကျထုတ်ပြန်နိုင်ခြင်း မရှိသေးဘဲ ကာလရှည်အနားယူရမည်ဖြစ်ကြောင်း အတည်ပြုခဲ့ခြင်းဖြစ်ပါတယ်။ ဘာကိုလာ အနေနဲ့ ခြေချင်းဝတ်ဒဏ်ရာကြောင့် လာမည့်ဧပြီလတွင်ကစားရမည့် လီဗာပူးလ်အသင်းနှင့် ပွဲစဉ်အပါအဝင် ယခုလအတွင်း ပြင်သစ်လက်ရွေးစင်အသင်းနှင့် ကစားရမည့် ဘရာဇီး၊ ကိုလံဘီယာအသင်းတို့နှင့် ခြေစမ်းပွဲစဉ်တို့ကိုလည်း လွဲချော်မည်ဖြစ်ကြောင်း သိရပါတယ်။(NVS 008)

20 Mar

ADVERTISE HERE .