“ပခုံးဒဏ်ရာကြောင့် ကစားသမားဘဝမှ အနားယူရဖွယ်ရှိတဲ့ ဂိုးသမား ရှမိုက်ကယ်”

20 Mar

ဆဲလ်တစ်အသင်းဝါရင့်ဂိုးသမား ရှမိုက်ကယ်ဟာ ပခုံးဒဏ်ရာကြောင့် ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှ အနားယူဖွယ်ရှိကြောင်း သိရပါတယ်။ အသက် ၃၉ နှစ်အရွယ် ရှမိုက်ကယ် ဟာ လေ့ကျင့်ရေးအစီအစဉ်တွင် ပခုံးဒဏ်ရာရရှိခဲ့ပြီးနောက် အနားယူနေရပြီး အစောပိုင်းက ပုံမှန်ဆေးဝါးကုသမှုများသာ လုပ်ဆောင်နေသော်လည်း ဒဏ်ရာမှာ သက်သာလာခြင်း မရှိတဲ့အတွက် ခွဲစိတ်ကုသမှုခံယူရမည့်အရေးနှင့် ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ရှမိုက်ကယ် အနေနဲ့ ကာလရှည်ခံစားနေရသည့် ပခုံးဒဏ်ရာကို မကြာမီ ခွဲစိတ်ကုသမှုခံယူရမှာ ဖြစ်တာကြောင့် ယခုဘောလုံးရာသီကုန်အထိ ဆဲလ်တစ်အသင်းအတွက် ပါဝင်ကစားပေးနိုင်ခြင်း မရှိတော့တဲ့အပြင် ရာသီအကုန်တွင်လည်း ဆဲလ်တစ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်လို့ လမ်းခွဲရမည့် အခြေအနေ များကြောင့် ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှ အနားယူရန်ဆုံးဖြတ်ဖွယ်ရှိနေပါတယ်။ ရှမိုက်ကယ် က ၎င်းကိုယ်တိုင် ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှ အနားယူရဖွယ်ရှိနေကြောင်း ဝန်ခံပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။(NVS 008)

20 Mar

ADVERTISE HERE .