ကုန်ဈေးနှုန်းသတင်း ၂၀.၃.၂၀၂၆

20 Mar

မတ်လ ၂၀ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ ပဲကြီးဈေး ဆက်တိုက် မြင့်တက်နေသလို မတ်ပဲနဲ့ ကြက်သွန်ဖြူဈေးတွေလည်း အနည်းငယ် တက်လာပါတယ်။ ပဲစင်းငုံနီဈေး ဆက်တိုက် ကျဆင်းနေသလို ဘိုကိတ်ပဲနဲ့ စားတော်ပဲဈေးတွေလည်း အနည်းငယ် ကျဆင်းလာပါတယ်။ ကြက်သွန်နီ၊ မန်ကျည်းသီးနဲ့ အာလူးဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၉၆,၉၁၁ ကျပ်၊ မတ်ပဲ (SQ/RC) တစ်တင်းကို ၁၀၇,၁၇၇ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာ ကို ၅,၀၆၅ ကျပ်ကနေ ၅,၁၀၀ ကျပ်၊ ပဲစင်းငုံနီ တစ်ပိဿာကို ၄,၉၆၁ ကျပ်၊ ပဲတီစိမ်း (ဝါးခယ်မ) တစ်ပိဿာကို ၅,၁၈၅ ကျပ်ကနေ ၆,၆၈၅ ကျပ်၊ ပဲလွန်းဖြူ(ပဲခူး/ မြစ်ဝကျွန်းပေါ်) တစ်ပိဿာကို ၃,၈၈၀ ကျပ်ကနေ ၄,၂၅၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၄,၂၁၅ ကျပ်ကနေ ၄,၃၃၅ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၈,၈၆၅ ကျပ်ကနေ ၉,၃၈၅ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၃,၆၈၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၅၀၀ ကျပ်ကနေ ၃,၇၅၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၁၀,၈၃၀ ကျပ်ကနေ ၁၁,၆၇၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၅၁၀ ကျပ်ကနေ ၁,၅၃၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၄၀၀ ကျပ်ကနေ ၅,၈၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်းပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာကို ၇,၅၀၀ ကျပ်ကနေ ၇,၈၃၅ ကျပ်၊ ကြက်သွန်နီ (မြစ်သား) တစ်ပိဿာကို ၁,၈၀၀ ကျပ်ကနေ ၂,၆၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာကို ၁၁,၈၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၄,၈၀၀ ကျပ်ကနေ ၇,၀၀၀ ကျပ်၊ မန်ကျည်းသီး (ပွင့်ကပ်/အသား) တစ်ပိဿာကို ၅,၅၀၀ ကျပ်ကနေ ၈,၀၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၃,၅၅၀ ကျပ်ကနေ ၃,၉၅၀ ကျပ်၊ အာလူး (အောင်ပန်း) တစ်ပိဿာကို ၂,၃၀၀ ကျပ်ကနေ ၃,၀၀၀ ကျပ်၊ ပုစွန်ခြောက်(မြိတ်ပုစွန်) တစ်ပိဿာကို ၉၀,၀၀၀ ကျပ်ကနေ ၁၀,၀၀၀ ကျပ်၊ ငါးရံ့ခြောက် တစ်ပိဿာကို ၆၀,၀၀၀ ကျပ်ကနေ ၉၀,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၈၄ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၂၃၅ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၃၁၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၃,၆၁၀ ကျပ်၊ မန္တလေးမှာ ၃,၇၂၅ ကျပ်၊ နေပြည်တော်မှာ ၃,၆၉၀ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၃,၈၅၀ ကျပ်၊ မန္တလေးမှာ ၃,၆၉၀ ကျပ်၊ နေပြည်တော်မှာ ၃,၉၃၀ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၄,၃၉၀ ကျပ်၊ မန္တလေးမှာ ၄,၅၀၀ ကျပ်၊ နေပြည်တော်မှာ ၄,၄၇၀ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၄,၈၂၀ ကျပ်၊ မန္တလေးမှာ ၄,၉၃၅ ကျပ်၊ နေပြည်တော်မှာ ၄,၉၀၀ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၇,၁၀၀,၀၀၀ိ/-) ခုနစ်ဆယ် တစ်သိန်းကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၁၀,၅၂၀,၀၀၀ိ/-) တစ်ရာ ငါးသိန်း နှစ်သောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။

20 Mar

ADVERTISE HERE .