“ဘိုင်ယန်မြူးနစ်အသင်းသမိုင်းတစ်လျှောက်အသက်အငယ်ဆုံး ချန်ပီယံလိဂ်ပြိုင်ပွဲဝင် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ပါဗစ်”

20 Mar

ဘိုင်ယန်မြူးနစ်အသင်း လူငယ်ကစားသမား ပါဗစ် က ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်မှာ ပါဝင်ကစားခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်အသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ချန်ပီယံလိဂ်ပြိုင်ပွဲဝင် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာ ပါဗာ က ဘိုင်ယန်မြူးနစ်အတွက် ပွဲချိန်၇၂ မိနစ်တွင် လူစားဝင်ကစားခဲ့ပြီးနောက် အသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်း ဖြစ်ပါတယ်။ ပါဗစ် က ဘိုင်ယန်မြူးနစ်အသင်းနှင့် အတ္တလန်တာအသင်းတို့ ပွဲစဉ်မှာ အသက် ၁၆ နှစ်သာရှိသေးတဲ့အတွက် ဝေါလ်ဝန်နာ ရဲ့ စံချိန်ကို ကျော်ဖြတ်ပြီး မှတ်တမ်းကောင်း တစ်ရက်ပိုင်ဆိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပါဗစ် က ဘိုင်ယန်မြူးနစ် ယူ-၁၇ အသင်းမှာ ကစားနေသူဖြစ်ပြီး နည်းပြ ကွန်ပနီ ရဲ့ ယုံကြည်မှုနှင့်အတူ အသင်းကြီးနဲ့ ပွဲထွက်ခွင့်ရရှိခဲ့ကာ မှတ်တမ်းကောင်းတစ်ရပ် ပိုင်ဆိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ (NVS 008)

20 Mar

ADVERTISE HERE .