“မိုင်ယာမီအိုးပင်း တင်းနစ်ပြိုင်ပွဲမှာ အယ်ကာရက်ဇ်နှင့် ဂျန်နစ်ခ်ဆင်နာ တို့ ပါဝင်ယှဉ်ပြိုင်မည်”
20 Mar
အမေရိကန်နိုင်ငံတွင် ဖလောရီဒါပြည်နယ် မီယာမီမြို့မှာ ကျင်းပမယ့် မိုင်ယာမီအိုးပင်းတင်းနစ်ပြိုင်ပွဲမှာ အယ်ကာရက်ဇ်နှင့် ဂျန်နစ်ခ်ဆင်နာ တို့ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ ကမ္ဘာ့အဆင့်(၁) နေရာကို ကာကွယ်ရေးနိုင်ရေးအတွက် အောင်မြင်မှုရရှိရန် ပစ်မှတ်ထားနေတဲ့ အယ်ကာရက်ဇ် နှင့် ကမ္ဘာ့အဆင့်(၁) နေရာကို ပြန်လည်ရယူနိုင်ရေးအတွက် ပစ်မှတ်ထားနေတဲ့ ဂျန်နစ်ခ်ဆင်နာ တို့ကြား အပြိုင်အဆိုင်ဖြစ်နေစေနိုင်တဲ့အတွက် အခုပြိုင်ပွဲက စိတ်ဝင်စားမှုတွေနဲ့ ပြည့်နှက်နေမှာ ဖြစ်ပါတယ်။ ဆင်နာ က ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ကျင်းပခဲ့တဲ့ Indian Wells Master ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပေမယ့် အယ်ကာရက်ဇ်ကတော့ ဆီးမီးဖိုင်နယ်အဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ (NVS 008)
20 Mar