“ယူရိုပါလိဂ်နဲ့ ကွန်းဖရန့်လိဂ်မှာ အင်္ဂလန်အသင်းတွေအားလုံး ကွာတားဖိုင်နယ်တက်ရောက်”
20 Mar
ယူရိုပါလိဂ်နဲ့ ကွန်းဖရန့်လိဂ်ပြိုင်ပွဲရဲ့ ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားခဲ့ရာ အင်္ဂလန်ကလပ် ၃ သင်းစလုံး နိုင်ပွဲတွေရယူပြီး ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ကြပါတယ်။ ယူရိုပါလိဂ်မှာ အက်စတွန်ဗီလာက လိုင်လီကို နှစ်ကျော့ပေါင်း ၃ဂိုး ဂိုမရှိနဲ့ ကွာတားဖိုင်နယ် တက်ရောက် နိုင်ခဲ့တာဖြစ်ပြီး နော်တင်ဟမ်ဖောရက်စ်ကတ မစ်ဂျေးလန်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိကာ တက်ရောက် နိုင်ခဲ့တာ ဖြစ်ပါတယ်။ ကွန်းဖရန့်လိဂ်မှာတော့ ခရစ္စတယ်ပဲလေ့စ်အသင်းက အချိန်ပိုမှာ အနိုင်ဂိုးသွင်းယူနိုင်ခဲ့ကာ ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ကို အင်္ဂလန်ကလပ် နှစ်သင်းသာ တက်ရောက်နိုင်ခဲ့ပေမယ့် ယူရိုပါလိဂ်နဲ့ ကွန်းဖရန့်လိဂ်မှာတော့ အင်္ဂလန်ကလပ်(၃)သင်းစလုံး တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ယူရိုပါလိဂ် ကွာတားဖိုင်နယ်မှာ ဘက်တစ် - ဘရာဂါ၊ ဖရိုင်းဘတ် - ဆယ်လ်တာ ဗီဂို၊ ပေါ်တို - နော်တင်ဟမ် ဖောရက်စ်၊ ဘိုလော့ဂ်နာ - အက်စတွန်ဗီလာတို့ တွေ့ဆုံကြပါတယ်။ ကွန်းဖရန့်လိဂ်ကွာတားဖိုင်နယ်မှာတော့ ရှက်တာဒိုးနက် - အယ်လ်ခမာ၊ ခရစ္စတယ်ပဲလေ့စ် - ဖီအိုရင်တီးနား၊ ဗယ်လက်ကာနို - AEK အေသင်၊ မိန့်ဇ် - စထရာဘိုးတို့ တွေ့ဆုံနေကြပါတယ်။ (NVS 008)