“ကမ္ဘာ့ဖလားပြိုင်ပွဲကို သပိတ်မှောက်မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ အီရန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ”
20 Mar
အီရန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ မက်ဒီတက်ချ် က မိမိတို့အနေနဲ့အမေရိကန်နိုင်ငံကိုသာ သပိတ်မှောက်မှာ ဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကို သပိတ်မှောက်မှာမဟုတ်တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ အီရန်လက်ရွေးစင်ဘောလုံးအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိထားပေမယ့် လက်ရှိ အချိန်မှာ အီရန်နိုင်ငံက အမေရိကန်နိုင်ငံနဲ့ စစ်ရေးပဋိပက္ခဖြစ်ပွားနေတာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲက နုတ်ထွက်ဖွယ် ရှိကြောင်း သတင်းထွက်နေပါတယ်။ အီရန်နိုင်ငံရဲ့ အားကစားဝန်ကြီးဖြစ်သူကလည်း လက်ရှိအခြေအနေအရ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖွယ်မရှိကြောင်း ပြောကြားထားပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကတော့ အီရန်အသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲက ကြိုဆိုနေပေမယ့် နည်းပြနဲ့ ကစားသမားတွေရဲ့ အသက်အန္တရာယ်အတွက် လုံခြုံမှုမရှိတာကြောင့် မယှဉ်ပြိုင်သင့်ဘူးလို့ သုံးသပ်ထားပါတယ်။ (NVS 008)