“အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်တို့ အီးဒ်ပွဲတော်ကာလအတွင်း ယာယီအပစ်အခတ်ရပ်ရန်ကြေညာ”
20 Mar
အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်နိုင်ငံတို့သည် အီးဒ်ပွဲတော်ကာလအတွင်း နှစ်နိုင်ငံအကြား ယာယီအပစ်အခတ် ရပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။ အာဖဂန်အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဇာတီဟူလာမူဂျာဟစ် က ပွဲတော်ကျင်းပရာကာလအတွင်း ပါကစ္စတန်အပါ် စစ်ရေးအရတိုက်ခိုက်မှုများ ရပ်ဆိုင်းထားမည်ဟု လူမှုကွန်ရက်မှ တစ်ဆင့် အသိပေးခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် ပါကစ္စတန်ပြန်ကြားရေးဝန်ကြီး အာတာအူလာတာရာ ကလည်း ပွဲတော်ကာလတွင် အာဖဂနစ္စတန်အပေါ် တိုက်ခိုက်မှုများကို ရပ်တန့်ထားမည်ဟုထုတ်ပြန်ထားသည်။ အဆိုပါစစ်ရေးအရ တိုက်ခိုက်မှု ရပ်ဆိုင်းခြင်းကို မတ်လ ၁၈ ရက် သန်းခေါင်းယံအချိန်မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း တာရာ က ဆိုသည်။ ယခုအပစ်အခတ်ရပ်စဲမှုသည် ပွဲတော်ကာလအတွင်း နယ်စပ်ဒေသ တည်ငြိမ်မှုရှိစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု သိရသည်။
20 Mar