“လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသူ ၅၀၆ ဦးကို ငွေကျပ်သိန်း ၂,၀၀၀ ခန့်နှင့် ထောက်ပံ့ပစ္စည်း များပေးအပ်”

20 Mar

မတ်လ ၁၉ ရက်နံနက်ပိုင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်းနီးစပ်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ဆက်သွယ်ကာ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာကြသော PDF အဖွဲ့ဝင် အမျိုးသား ၄၅၃ ဦးနှင့် အမျိုးသမီး ၅၃ ဦး စုစုပေါင်း ၅၀၆ ဦး တို့ကို မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရပါတယ်။ အဆိုပါလွှဲပြောင်းအပ်နှံခြင်းကို မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် တက်ရောက်အမှာစကား ပြောကြားပြီး မောင်းပြန်ရိုင်ဖယ် သေနတ် ၁ လက်အတွက် ဆုကြေးငွေကျပ်သိန်း ၅၀ နှုန်း၊ RPG ၁ လက်အတွက် ဆုကြေးငွေ ၇၅ သိန်းကျပ်နှန်း၊ လက်လုပ်သေနတ် ၁ လက်အတွက် ဆုကြေးငွေ ၅ သိန်းကျပ်နှုန်း၊ လက်ပစ်ဗုံး/ဗုံးသီး ၁ လုံးစီအတွက် ဆုကြေးငွေ ၃ သိန်းကျပ်နှုန်း၊ စကားပြောစက် ၁ လုံးအတွက် ဆုကြေးငွေကျပ် ၂ သိန်းနှုန်း၊ ကျည်ကာအင်္ကျီ ၁ ထည်လျင် ဆုကြေးငွေကျပ် ၂ သိန်းနှုန်း၊ ကျည်ကာဦးထုပ် ၁ လုံးလျှင် ဆုကြေးငွေကျပ် ၂ သိန်းနှုန်း၊ အလင်းဝင်ရောက်လာသူတစ်ဦးလျှင်ငွေကျပ် ၁ သိန်းနှုန်းနဲ့ စုစုပေါင်းငွေကျပ်သိန်း ၂,၀၀၀ ခန့်နှင့် ထောက်ပံ့ပစ္စည်း များကို ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ ထို့အတူ အလင်းဝင်လာကြသူများက ၎င်းတို့နှင့်အတူပါရှိလာသည့် လက်နက်မျိုးစုံ ၇၈ လက်၊ လက်ပစ် ဗုံး/ဗုံးသီး ၃၈ လုံး၊ စကားပြောစက် ၃ လုံး၊ ကျည်အိမ်မျိုးစုံ ၅၀ ခု၊ ကျည်မျိုးစုံ ၃,၃၆၂ တောင့်၊ မိုင်းမျိုးစုံ ၁၄ လုံး၊ ကျည်ကာအင်္ကျီ ၁ ထည်၊ ကျည်ကာဦးထုပ် ၅ လုံးတို့ကို တိုင်းမှူးထံလွှဲပြောင်းအပ်နှံခဲ့ကြကြောင်း သိရပါတယ်။ အဲဒီနောက် တိုင်းမှူးက အလင်းဝင်လာသူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ပြီး ခံဝန်ကတိလက်မှတ် ရေးထိုးစေကာ မိဘအုပ်ထိန်းသူများထံပြန်လည်လွှဲ ပြောင်းအပ်နှံပေးအပ်ခဲ့ပြီး တိုင်းဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အလင်းဝင်လာသူများအပ်နှံထားသော လက်နက်ခဲယမ်းများအားကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အမရပူရ၊ ပုသိမ်ကြီး၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ တံတားဦး၊ ငါန်းဇွန်၊ ပြင်ဦးလွင်၊ မိတ္ထီလာ၊ နွားထိုးကြီး၊ ရမည်းသင်း၊ မိုးကုတ်၊ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ ကျောက်ပန်းတောင်း၊ မြင်းခြံ၊ ညောင်ဦး၊ မကွေးတိုင်းဒေသကြီး၊ မကွေး၊ ငဖဲ၊ တောင်တွင်းကြီးမြို့နယ်တို့မှ အမျိုးသား၊ အမျိုးသား ၅၀၆ ဦးအလင်းဝင်လာခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

20 Mar

ADVERTISE HERE .