“ရင်းနှီးမြှုပ်နှံမှုပမာဏကျပ် နှစ်သန်းကျော်နှင့် လုပ်သားအင်အားလေးရာကျော်အတွက် လုပ်ငန်းလိုင်စင်များ ခွင့်ပြုပေး”

20 Mar

ရင်းနှီးမြှုပ်နှံမှု ပမာဏကျပ် နှစ်သန်းကျော်နှင့် လုပ်သားအင်အား ၄၀၀ ကျော်အတွက်လုပ်ငန်းလိုင်စင်များကို ရန်ကုန်တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးမှာခွင့်ပြုပေးခဲ့ ကြောင်း သိရပါတယ်။ ခွင့်ပြုပေးလိုက်တဲ့လုပ်ငန်းများမှာ ဟိုတယ်အဆောက်အဦတည်ဆောက်ခွင့် ၁ ခု၊ တည်းခိုဆောင်ပြင်ဆင်ခွင့် ၁ ခု၊ ဟိုတယ်လုပ်ငန်းလိုင်စင် ၇ ခု၊ တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင် ၁ ခု၊ ဟိုတယ်လုပ်ငန်းလိုင်စင်သက်တမ်းတိုးနှင့် ဝန်ဆောင်မှု ၇၉ ခု၊ တည်းခိုရိပ်သာလုပ်ငန်းလိုင်စင်သက်တမ်းတိုးနှင့် ဝန်ဆောင်မှု ၁၅ ခု၊ တည်းခိုဆောင်လုပ်ငန်း လိုင်စင်အသစ် ၁ ခု၊ သက်တမ်းတိုး ၁ ခု၊ ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်အသစ်(ပြည်တွင်း/ပြည်ဝင်) ၇၆ ခု၊ ပြည့်ပ ၂၈ ခု၊ ခရီးလှည့်လည်ရေး (ပြည်တွင်း/ပြည်ဝင်)သက်တမ်းတိုး ၂၅၉ ခု၊ ပြည်ပ ၁၄၆ ခု၊ ဧည့်လမ်းညွှန်လုပ်ငန်း လိုင်စင်သက်တမ်းတိုး ၂၂၉ ခု၊ ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှု လုပ်ငန်းအသစ် ၁၆ ခုနှင့် သက်တမ်းတိုး ၁၆ ခုတို့ ဖြစ်ပါတယ်။ လုပ်ငန်းလိုင်စင်ခွင့်ပြုပေးခဲ့တဲ့ ဟိုတယ်နှင့်တည်းခိုရိပ်သာများမှ ရင်းနှီးမြှုပ်နှံမှုပမာဏကျပ် ၂၉,၈၀၇ ဒသမ ၉၃ သန်းနှင့် လုပ်သားအင်အား ၄၆၃ ဦးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည် ဖြစ်ပါတယ်။ (NVS 004)

20 Mar

ADVERTISE HERE .