“အစ္စရေး၏ မကြာခဏလုပ်ကြံမှုများကို နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စံနှုန်းနှစ်မျိုး မထားသင့်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနဆို”
19 Mar
အစ္စရေးသည် ၎င်း၏ဒေါသထွက်ဖွယ်ရာ လုပ်ကြံမှုလက်ချက်များအား ပုံမှန်အသွင်ပြောင်းခြင်းမှ ဖြစ်ပေါ် လာမည့် နောက်ဆက်တွဲဆိုးကျိုးများကို လုံးဝဂရုမစိုက်သော်လည်း နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စံနှစ်မျိုး လက်ကိုင်မထားသင့်သလို အစ္စရေး၏ ဤကဲ့သို့ အဆင်အခြင်မဲ့လုပ်ရပ်များကို လျစ်လျူရှုမထားသင့်ကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီ က မတ်လ ၁၈ ရက်ညပိုင်းတွင် လူမှုမီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။ လွန်ခဲ့သည့်တစ်ရက်တွင် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု က လူမှုမီဒီယာပေါ်တွင် ဗီဒီယိုတစ်ခု ထုတ်ပြန် ခဲ့သည်။ ထိုဗီဒီယိုတွင် ၎င်းနှင့် အစ္စရေးဆိုင်ရာ အမေရိကန်သံအမတ်ကြီး Michael Dale Huckabee တို့ စကား ပြောနေကြပြီး အီရန်အရာရှိကြီးများအား လုပ်ကြံမှုဆိုင်ရာ ကတ်ပြားတစ်ကတ်ကိုပြသကာ ထိုနေ့တွင် “ဒီကနေ နာမည်နှစ်ခု ဖျက်လိုက်တယ်” ဟု ပြောကြားခဲ့ပြီး အစ္စရေးက အီရန်အမြင့်ဆုံး အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး လာရီဂျာနီ နဲ့ အီရန် Basij ပြည်သူ့စစ်အဖွဲ့တပ်မှူး Gholamreza Soleimani တို့ကို လုပ်ကြံခဲ့သည်ကို အရိပ်အမြွက်ဖော်ပြခဲ့သည်။ အကယ်၍ အီရန်သမ္မတက အမေရိကန်သမ္မတ၊ လွှတ်တော်ခေါင်းဆောင်များနှင့် အဆင့်မြင့်ဗိုလ်ချုပ်ကြီးများ စသည်တို့ ပါဝင်သော လုပ်ကြံမည့်အမည်စာရင်းကို နိုင်ငံခြားသံအမတ်ကြီးတစ်ဦးအား ပြသခဲ့ပြီး ယင်းနောက် ၎င်းတို့အား တစ်ဦးစီဖယ်ရှားသွားမည်ဟု ကြေညာခဲ့ပါက ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရေးပေါ်အစည်းအဝေး ခေါ်ယူမည်ဖြစ်ပြီး မီဒီယာများလည်း အလွန်အကျူး ပုံကြီးချဲ့ဖော်ပြကြမည်ဖြစ်ကြောင်း၊ အရေးယူပိတ်ဆို့မှုများ၊ ခြိမ်းခြောက်မှုများသာမက စစ်ပွဲများပင်လိုက်ပါလာမည်ဖြစ်ပြီး ၎င်းတို့အားလုံးကို နိုင်ငံတကာဥပဒေနှင့် ကမ္ဘာလုံး ဆိုင်ရာစည်းစနစ်ကို ထိန်းသိမ်းခြင်းဟူ၍ အမည်တပ်တန်ဆာဆင်ကြမည်ဖြစ်သည်ဟု အာရက်ဂ်ချီ က ရေးသား ခဲ့သည်။ သို့သော် အစ္စရေးနှင့်ပတ်သက်လာလျှင် ပုံမှန်ဂိမ်းစည်းမျဉ်းများမှာ အသုံးမဝင်တော့ဟု အာရက်ဂ်ချီ က ထောက်ပြခဲ့သည်။ တရားဥပဒေစိုးမိုးရေးနှင့် စည်းစနစ်ထိန်းသိမ်းသူများ ဆိုသူတို့မှာ နှုတ်ဆိတ်နေကြပြီး သာမန် ကာလျှံကာ ပြောဆိုရုံသာမက အစ္စရေးအား လက်နက်နှင့် အကာအကွယ်များပင် ပေးအပ်ကြကြောင်း၊ ယင်းမှာ စည်းမျဉ်းများသည် တစ်ဖက်သူအတွက်သာ အကျုံးဝင်ပြီး ကင်းလွတ်ခွင့်မှာမူ မဟာမိတ်များအတွက်သာဖြစ်သည့် ရည်ရွယ်ချက်ရှိရှိ ကျင့်ဝတ်ယိုယွင်းပျက်သုန်းခြင်းကို ထင်ဟပ်စေကြောင်း ၎င်းက ထောက်ပြခဲ့သည်။ အစ္စရေးသည် ၎င်း၏ အမေရိကန်မိတ်ဖက်များကို ကျင့်ဝတ်နှင့်နိုင်ငံရေးအရ ပိုမိုနက်ရှိုင်းသော ချောက်ထဲသို့ တစ်လှမ်းချင်း ဆွဲခေါ်နေကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ အမေရိကန်နှင့် အစ္စရေးတို့သည် ဖေဖော်ဝါရီလ ၂၈ ရက်တွင် အီရန်အပေါ် ကြီးမားသောစစ်ရေးလှုပ်ရှားမှု စတင်ခဲ့ရာ ယင်းဖြစ်ရပ်ကြောင့် ထိုအချိန်တွင် တာဝန်ထမ်းဆောင်နေသော အီရန်ထိပ်တန်းခေါင်းဆောင် ခါမေနီ၊ စစ်ဘက်နှင့်အစိုးရဆိုင်ရာ အဆင့်မြင့်အရာရှိများစွာကို လေကြောင်းတိုက်ခိုက်မှုများအတွင်း သေဆုံးစေခဲ့သည်။ အီရန်သည် အစ္စရေးနှင့် အရှေ့အလယ်ပိုင်းရှိ အမေရိကန်၏ စစ်အခြေစိုက်စခန်းများစသည့် ပစ်မှတ်များအပေါ် တန်ပြန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ အစ္စရေးကာကွယ်ရေးဝန်ကြီး Israel Katz က ၎င်းနှင့် နေတန်ယာဟု တို့သည် အစ္စရေးစစ်တပ်အား ခွင့်ပြုချက်မလိုဘဲ မည်သည့်အီရန်အဆင့်မြင့်အရာရှိကိုမဆို တိုက်ခိုက်ခွင့်ပြုရန် ပူးတွဲဆုံးဖြတ် ခဲ့ကြောင်း၊ “အီရန်သားအားလုံးသည် တိုက်ခိုက်ရေးပစ်မှတ်များဖြစ်သည်”ဟု မတ်လ ၁၈ ရက်တွင် ပြောကြား ခဲ့ကြောင်းသိရသည်။ (Repost from Xinhua Myanmar)