“အီရန်၏ စွမ်းအင်အခြေခံအဆောက်အအုံများအား အမေရိကန်နှင့် အစ္စရေးတို့ တိုက်ခိုက်မှုကို အီရန်သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ် ပြင်းထန်စွာရှုတ်ချ”

19 Mar

အီရန်၏ စွမ်းအင်အခြေခံအဆောက်အအုံများအား အမေရိကန်နှင့်အစ္စရေးတို့ တိုက်ခိုက်မှုကို ပြင်းထန်စွာ ရှုတ်ချကြောင်း အီရန်သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ် က မတ်လ ၁၈ ရက်တွင် လူမှုမီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။ ထိုကဲ့သို့သော ကျူးကျော်မှုလုပ်ရပ်များသည် အမေရိကန်၊ အစ္စရေးနှင့် ၎င်းတို့၏ ထောက်ခံသူများအတွက် မည်သည့်အကျိုးမျှမရှိဘဲ အခြေအနေကို ပိုမိုရှုပ်ထွေးစေပြီး ထိန်းချုပ်မရသော နောက်ဆက်တွဲဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ရာ ယင်းသက်ရောက်မှုသည် တစ်ကမ္ဘာလုံးကိုပင် ထိခိုက်စေနိုင်ကြောင်း ပါဇက်ရှ်ကီရမ် က ပြောကြားခဲ့သည်။ အီရန်နိုင်ငံ Bushehr ပြည်နယ် South Pars နှင့် Asaluyeh ရှိ ရေနံဓာတုစက်ရုံအချို့ကို အမေရိကန်နှင့် အစ္စရေးတို့က တိုက်ခိုက်ခဲ့ကြောင်း မတ်လ ၁၈ ရက်တွင် အီရန်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ အီရန်အမျိုးသားဓာတ်ငွေ့ကုမ္ပဏီသည် မတ်လ ၁၈ ရက်တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး တိုက်ခိုက်မှုကြောင့် South Pars ဓာတ်ငွေ့လုပ်ကွက်ရှိ အဆောက်အအုံအချို့ကို ပျက်စီးစေခဲ့သော်လည်း ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း၊ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်သောမီးလောင်မှုကို ငြှိမ်းသတ်နိုင်ခဲ့ပြီး သဘာဝ ဓာတ်ငွေ့ထုတ်လုပ်မှုမှာ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန်နှင့်သက်ဆိုင်သော ရေနံအဆောက်အအုံများကို အမေရိကန်စစ်အခြေစိုက်စခန်းနှင့် တန်းတူ အဆင့်သတ်မှတ်ထားရှိပြီး ၎င်းတို့ကို အပြင်းအထန် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အဆိုပါနေ့တွင်ပင် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်(IRGC) ရေတပ်တပ်မှူး Tangsiri က လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။ (Repost from Xinhua Myanmar)

19 Mar

ADVERTISE HERE .