“အရှေ့အလယ်ပိုင်း စစ်ရေးအရှိန်မြင့်တက်လာခြင်းက ကမ္ဘာ့ရေနံဈေးနှုန်းများ ဆက်လက်မြင့်တက်စေ”

19 Mar

အရှေ့အလယ်ပိုင်း စစ်ရေးအရှိန်မြင့်တက်လာခြင်းကြောင့် ဖြစ်ပွားသည့် စိုးရိမ်မှုဂယက်များဖြင့် ကမ္ဘာ့ရေနံ ဈေးနှုန်းသည် မတ်လ ၁၈ ရက် အရောင်းအဝယ်ပြုလုပ်ချိန်တွင် ဆက်လက်မြင့်မားသည့်အနေအထားတွင် ရှိနေသည်။ မေလတွင်ပေးပို့ရမည့် လန်ဒန်ဘရန့်ရေနံစိမ်း အနာဂတ်ဈေးနှုန်းသည် အရောင်းအဝယ်ဈေးကွက်၌ အချိန်အတိုင်း အတာတစ်ခုအတွင်း တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၁၀ ကျော် ဖြစ်ခဲ့သည်။ ယင်းနေ့ဈေးကွက်ပိတ်သိမ်းချိန်အထိ နယူးယောက်ကုန်စည်လဲလှယ်မှု(NYMEX) ၏ ဧပြီလတွင် ပေးပို့ရမည့် အပေါ့စားရေနံစိမ်း အနာဂတ်ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၀ ဒသမ ၁၁ မြင့်တက်လာပြီး ဈေးကွက်သိမ်းချိန်တွင်မူ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၉၆ ဒသမ ၃၂ ဖြင့် ၀ ဒသမ ၁၁ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ မေလတွင် ပေးပို့ရမည့် လန်ဒန်ဘရန့်ရေနံစမ်း အနာဂတ်ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၉၆ မြင့်တက်လာပြီး ဈေးကွက်သိမ်းချိန် တွင် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀၇ ဒသမ ၃၈ ဖြင့် ၃ ဒသမ ၈၃ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ အီရန်မီဒီယာများ၏ မတ်လ ၁၈ ရက် သတင်းများအရ အီရန်နိုင်ငံ Bushehr ပြည်နယ် South Pars နှင့် Assaluyeh ရှိ ရေနံဓာတုဗေဒ အဆောက်အဦအချို့ တိုက်ခိုက်ခံရကြောင်း သိရသည်။ ယင်းနေ့တွင်ပင် အီရန်အစ္စလာမ်မစ် အကြံပေးလွှတ်တော်ဥက္ကဋ္ဌ Ghalibaf က အီရန်၏ အခြေခံ အဆောက်အဦများကို တိုက်ခိုက်သည့် ရန်သူ၏လုပ်ရပ်မှာ မိမိကိုယ်ကို အဆုံးစီရင်ခြင်းနှင့် မခြားနားကြောင်း၊ အီရန်အနေဖြင့် တန်းတူတန်ပြန်လက်စားချေမည့် အခြေခံမူကို အတည်ပြုထားပြီဖြစ်ရာ ပဋိပက္ခ၏အဆင့်သစ် စတင် နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုနေ့တွင်ပင် အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့(IRGC)၏ ရေတပ်တပ်မှူး Alireza Tangsiri က လူမှုကွန်ရက်မီဒီယာတွင် ပို့စ်တင်၍ အမေရိကန်နှင့်သက်ဆိုင်သည့် ရေနံအဆောက်အဦများကို အမေရိကန်စစ်အခြေစိုက်စခန်းနှင့် အဆင့်တစ်ပြေးညီသတ်မှတ်ထားရှိကာ ပြင်းပြင်း ထန်ထန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ Citigroup သုံးသပ်သူများက ဘရန့်ရေနံစိမ်း အနာဂတ်ဈေးနှုန်းသည် အနာဂတ်ရက်အနည်းငယ်အတွင်း တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၂၀ အထိ မြင့်တက်နိုင်ခြေရှိသည်ဟု ယူဆထားသည်။ အကယ်၍ ရေနံအခြေခံ အဆောက်အဦများ ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်ခံရခြင်း၊ ဟော်မုဇ်ရေလက်ကြားအား အချိန်ကြာရှည်ပိတ်ထားခြင်း အခြေအနေဖြစ်နေပါက ဘရန့်ရေနံစိမ်း အနာဂတ်ဈေးနှုန်းသည် ယခုနှစ် ဒုတိယသုံးလပတ်နှင့် တတိယသုံးလပတ်၏ ပျမ်းမျှဈေးနှုန်းများမှာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၃၀ အထိ မြင့်တက်နိုင်ကြောင်း သိရသည်။ (Repost from Xinhua Myanmar)

19 Mar

ADVERTISE HERE .