ကုန်ဈေးနှုန်းသတင်း ၁၉.၃.၂၀၂၆
19 Mar
မတ်လ ၁၉ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲ၊ ပဲစင်းငုံနီ၊ ပဲလွန်းဖြူနဲ့ ပဲကြီး၊ ဘိုကိတ်ပဲ၊ ပဲပုပ်ဈေးတွေ အနည်းငယ် တက်လာပြီး ပဲလွန်းနီနဲ့ ကြက်သွန်ဖြူဈေးတွေ ကတော့ အနည်းငယ် ကျဆင်းလာပါတယ်။ ကြက်သွန်နီနဲ့ ထန်းလျက်၊ သကြားဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၉၆,၈၄၈ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၀၇,၁၁၅ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာ ကို ၅,၀၈၀ ကျပ်ကနေ ၅,၁၂၀ ကျပ်၊ ပဲစင်းငုံနီ တစ်ပိဿာကို ၄,၉၈၃ ကျပ်၊ ပဲတီစိမ်း (ဝါးခယ်မ) တစ်ပိဿာကို ၅,၁၈၅ ကျပ်ကနေ ၆,၆၈၅ ကျပ်၊ ပဲလွန်းဖြူ(ပဲခူး/မြစ်ဝကျွန်းပေါ်) တစ်ပိဿာကို ၃,၈၈၀ ကျပ်ကနေ ၄,၂၅၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၄,၂၅၀ ကျပ်ကနေ ၄,၃၃၅ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၈,၃၄၅ ကျပ်ကနေ ၉,၂၀၅ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၃,၆၈၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၄၁၅ ကျပ်ကနေ ၃,၈၃၅ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၁၀,၅၀၀ ကျပ်ကနေ ၁၁,၁၇၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၅၁၀ ကျပ်ကနေ ၁,၅၃၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၄၀၀ ကျပ်ကနေ ၅,၈၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်းပေါ် (ဆီတိုး/ အထွက်တိုး) တစ်ပိဿာကို ၇,၁၆၅ ကျပ်ကနေ ၇,၈၃၅ ကျပ်၊ ကြက်သွန်နီ(မြစ်သား) တစ်ပိဿာကို ၁,၈၀၀ ကျပ်ကနေ ၂,၆၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာကို ၁၁,၅၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၄,၈၀၀ ကျပ်ကနေ ၇,၀၀၀ ကျပ်၊ မန်ကျည်းသီး (ပွင့်ကပ်/အသား) တစ်ပိဿာကို ၅,၅၀၀ ကျပ်ကနေ ၈,၀၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၃,၅၅၀ ကျပ်ကနေ ၃,၉၅၀ ကျပ်၊ အာလူး (အောင်ပန်း) တစ်ပိဿာကို ၂,၃၀၀ ကျပ်ကနေ ၃,၃၀၀ ကျပ်၊ ပုစွန်ခြောက်(ဖျာပုံရွှေပုစွန်) တစ်ပိဿာကို ၇၀,၀၀၀ ကျပ်ကနေ ၃၀၀,၀၀၀ ကျပ်၊ ငါးကျည်းကြပ်တိုက် တစ်ပိဿာကို ၆၀,၀၀၀ ကျပ်ကနေ ၈၅,၀၀၀ ကျပ်၊ ငါးမြွေထိုး တစ်ပိဿာကို ၄၀,၀၀၀ ကျပ်ကနေ ၄၂,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၈၄ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၂၂၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၃၁၅ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၂,၈၃၀ ကျပ်၊ မန္တလေးမှာ ၂,၉၄၀ ကျပ်၊ နေပြည်တော်မှာ ၂,၉၁၀ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၂,၉၃၀ ကျပ်၊ မန္တလေးမှာ ၃,၀၄၅ ကျပ်၊ နေပြည်တော်မှာ ၃,၀၁၀ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၂၀၅ ကျပ်၊ မန္တလေးမှာ ၃,၃၂၀ ကျပ်၊ နေပြည်တော်မှာ ၃,၂၈၅ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၅၆၀ ကျပ်၊ မန္တလေးမှာ ၃,၆၇၅ ကျပ်၊ နေပြည်တော်မှာ ၃,၆၄၀ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၇,၁၀၀,၀၀၀ိ/-) ခုနစ်ဆယ် တစ်သိန်းကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၁၀,၆၂၀,၀၀၀ိ/-) တစ်ရာ ခြောက်သိန်း နှစ်သောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။