“ဘရာဇီးလ်အသင်းမှာ ပထမဆုံးအကြိမ် ရွေးချယ်ခံရတဲ့ သီယာဂို နဲ့ ရာယန်”
19 Mar
ဘရာဇီးလ်လက်ရွေးစင်အသင်းမှာ ပရီးမီးယားလိဂ်ကစားသမားတွေဖြစ်တဲ့ အီဂေါသီယာဂို နဲ့ ရာယန် တို့ ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရပါတယ်။ ဘရန့်ဖို့ဒ်တိုက်စစ်မှူး သီယာဂို နဲ့ ဘုန်းမောက်တောင်ပံကစားသမား ရာယန် တို့ဟာ အခုလအတွင်း ခရိုအေးရှား၊ ပြင်သစ်တို့နဲ့ကစားမယ့် ခြေစမ်းပွဲတွေအတွက် ခေါ်ယူခံခဲ့ရပါတယ်။ သီယာဂို ဟာ လက်ရှိ ပရီးမီးယားလိဂ်မှာ ၁၉ ဂိုးနဲ့ ဒုတိယဂိုးအများဆုံးဖြစ်နေပါတယ်။ ရာယန် ကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ ဗာစကိုဒဂါးမားအသင်းကနေ ဘုန်းမောက်အသင်းကို ရောက်ရှိလာပြီး ပရီးမီးယားလိဂ်မှာ နှစ်ဂိုးသွင်းယူထားပါတယ်။ အခုလူစာရင်းမှာ ကြံ့ခိုင်မှုပြဿနာရှိနေတဲ့ နာမည်ကျော်ကစားသမား နေမာ ကိုတော့ ချန်လှပ်ထားခဲ့ပါတယ်။ ဘရာဇီးလ်အသင်းဟာ အခုခြေစမ်းပွဲနှစ်ပွဲကို အမေရိကန်မှာ ကစားမှာဖြစ်ပြီး မတ်လ ၂၆ ရက်မှာ ပြင်သစ်၊ မတ်လ ၃၁ ရက်မှာ ခရိုအေးရှားအသင်းတို့နဲ့ ကစားဖို့စီစဉ်ထားပါတယ်။(NVS 008)