“အိမ်ကွင်းမှာ ၃ ဂိုးပြတ်နဲ့ အနိုင်ယူကာ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်ခဲ့တဲ့ လီဗာပူးလ်အသင်း”
19 Mar
ချန်ပီယံလိဂ် ၁၆ သင်းအဆင့်အဖြစ်ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်မှာ လီဗာပူးလ်အသင်းက အိမ်ကွင်း အန်ဖီးမှာ ဂါလာစာရေးအသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ပထမအကျော့မှာ လီဗာပူးလ်အသင်းက ဂါလာတာစာရေးအသင်းကို ၁ ဂိုး၊ ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရပေမယ့် ဒုတိယအကျော့ အိမ်ကွင်းမှာ ၃ ဂိုးပြတ်နဲ့ ပြန်လည်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ကွာတားဖိုင်နယ်အဆင့်မှ PSG အသင်းနှင့် ထိပ်တိုက်တွေ့ဆုံနေခဲ့တာ ဖြစ်ပါတယ်။ လက်ရှိရာသီချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်မှာ အင်္ဂလန်အသင်းတွေဖြစ်တဲ့ အာဆင်နယ်အသင်းနှင့် လီဗာပူးလ်အသင်းတို့သာ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းကတော့ စပို့တင်း လစ္စဘွန်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်မှာပါတယ်။ (NVS 008)
19 Mar