“ဆီနီဂေါဘောလုံးအဖွဲ့ချုပ်က အာဖရိကနိုင်ငံများဖလားနဲ့ ဆုတံဆိပ်တွေ လွှဲပြောင်းပေးဖို့ ငြင်းဆန်”
19 Mar
ဆီနီဂေါဘောလုံးအဖွဲ့ချုပ်က ၂၀၂၅ အာဖရိကနိုင်ငံများဖလား ချန်ပီယံဆုနဲ့ဆုတံဆိပ်တွေကို ပြန်လည် လွှဲပြောင်းပေးဖို့ ငြင်းဆန်ခဲ့ကြောင်း သိရပါတယ်။ အာဖရိကဘောလုံးအဖွဲ့ချုပ်(CAF)က ၂၀၂၅ အာဖရိကနိုင်ငံများဖလားဗိုလ်လုပွဲမှာ ဆီနီဂေါနည်းပြနဲ့ ကစားသမားတွေ ဒိုင်လူကြီးခွင့်ပြုချက်မရဘဲ ကွင်းပြင်ထွက်သွားခဲ့ခြင်းအတွက် ဆီနီဂေါအသင်း အနိုင်ရခဲ့တဲ့ ဗိုလ်လုပွဲ ရလဒ်ကို ပယ်ဖျက်ပြီး ပြိုင်ဘက်မော်ရိုကိုအသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ပေးခဲ့ပါတယ်။ CAF ရဲ့ ဒီဆုံးဖြတ်ချက်အရ ဆီနီဂေါအသင်းအနေနဲ့ ဆုဖလားနဲ့ ဆုတံဆိပ်တွေကို မော်ရိုကိုအသင်းဆီ လွှဲပြောင်းပေးရမှာဖြစ်ပေမယ့် ဆီနီဂေါဘောလုံးအဖွဲ့ချုပ်က ငြင်းဆန်ခဲ့ခြင်းဖြစ်ပါတယ်။ ဆီနီဂေါဘောလုံး အဖွဲ့ချုပ်က CAF ရဲ့ ဆုံးဖြတ်ချက်ဟာ တရားမျှတမှုမရှိကြောင်း၊ အရင်ကလည်း မရှိခဲ့ဖူးတဲ့ဆုံးဖြတ်ချက်ဖြစ်ကြောင်း၊ လက်ခံနိုင်ဖွယ်မရှိကြောင်း၊ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲရဲ့ ဂုဏ်သတင်းကို ညှိုးနွမ်းစေကြောင်းနဲ့ မိမိတို့အနေနဲ့ နိုင်ငံတကာအားကစားခုံရုံး(CAS)ထံ အယူခံဝင်သွားမှာဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။ (NVS 008)