“နီပေါအမျိုးသမီးကလပ် ဆန်ကာတာအသင်းသို့ ပြောင်းရွှေ့သွားခဲ့တဲ့ ဝင်းသိင်္ဂီထွန်း”

19 Mar

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်း ဟာ နီပေါအမျိုးသမီးကလပ် ဆန်ကာတာအသင်းကို ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ နီပေါအမျိုးသမီးကလပ် ဆန်ကာတာအသင်းဟာ မြန်မာအမျိုးသမီးတိုက်စစ်မှူး ဝင်းသိင်္ဂီထွန်း ကို ယခု ၂၀၂၆ ရာသီ နီပေါအမျိုးသမီးလိဂ်ပြိုင်ပွဲဖြစ်တဲ့ ANFA Women's League 2026 အတွက် တစ်ရာသီစာချုပ်နဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ မြန်မာအမျိုးသမီးတိုက်စစ်မှူး ဝင်းသိင်္ဂီထွန်း ဟာ ၂၀၂၁ ခုနှစ်ကတည်းကစတင်ကာ အိန္ဒိယကလပ်အသင်း တွေဖြစ်တဲ့ ဂိုကူလမ်ကီရာရာ၊ လော့စ်၊ အိုဒီရှား၊ ထိုင်းကလပ် အာရှစကောလားကောလိပ်၊ မလေးရှားကလပ် ဆဘားရှ်အသင်းတွေဆီမှာ ပရိုကစားသမားအဖြစ် သွားရောက်ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။ (NVS 008)

19 Mar

ADVERTISE HERE .