“အရှေ့အလယ်ပိုင်းပဋိပက္ခ ပြင်းထန်လာမှုကြောင့် လေကြောင်းလိုင်းများက ခရီးစဉ်များစွာကို ဖျက်သိမ်း”

19 Mar

အရှေ့အလယ်ပိုင်းဒေသ၌ ဖြစ်ပွားနေသော ပဋိပက္ခပိုမိုပြင်းထန်လာမှုကြောင့် လေကြောင်းလိုင်းများစွာက ခရီးစဉ်များကို ဖျက်သိမ်းလာသည့်အတွက် တစ်ကမ္ဘာလုံးဆိုင်ရာလေကြောင်းခရီးသွားလာမှုများ ပြင်းထန်စွာ အနှောက်အယှက်ဖြစ်ပေါ်နေကြောင်း သိရသည်။ ပဋိပက္ခများနှင့် ဆက်စပ်၍ လေပိုင်နက်ပိတ်ဆို့မှုများကြောင့် ခရီးသည်သောင်းနှင့်ချီ၍ သောင်တင်နေပြီး Emirates၊ Qatar Airway နှင့် Etihad တို့ကဲ့သို့ လေကြောင်းလိုင်းကြီးများအပါအဝင် လေကြောင်းလိုင်း အများအပြားသည် ခရီးစဉ်များကို ကန့်သတ်ခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းများ ပြုလုပ်နေရခြင်း ဖြစ်သည်။ ထို့အပြင် Lufthansa၊ Air France နှင့် Tukish Airlines တို့ကလည်း ဒေသတွင်းရှိမြို့ကြီးများသို့ ပျံသန်းမည့် ခရီးစဉ်များကို မတ်လကုန်အထိ ဆိုင်းငံ့ထားရသည်ကို တွေ့ရသည်။ အလားတူ လေကြောင်းလိုင်းအချို့၏ ခရီးစဉ်အသစ်များသည်လည်း ပဋိပက္ခများကြောင့် နှောင့်နှေးမှုူများရှိနေပြီး အစ္စရေး၏ El AI လေကြောင်းလိုင်းက လည်း ပုံမှန်ခရီးစဉ်များကို မတ်လ ၁၂ ရက်အထိ ဖျက်သိမ်းထားကြောင်း ဆိုသည်။ ဒေသတွင်းလေပိုင်နက်ဘေးကင်းရေးမှာ စိန်ခေါ်မှုဖြစ်နေစဉ် လေကြောင်းလိုင်းများသည် အီရတ်၊ အီရန်၊ ဆီးရီးယား နှင့် အစ္စရေးလေပိုင်နက်များကို ‌ရှောင်ကွင်းပျံသန်းနေရကြောင်း သိရသည်။

19 Mar

ADVERTISE HERE .