“ထီးတန်းဆိပ်ကမ်းမှာ ဆိုက်ကပ်ထားသော စားသုံးဆီတင် MT.AU GEMINI သင်္ဘောကို ကြည့်ရှုစစ်ဆေး

19 Mar

ရန်ကုန်မြို့ရှိ ထီးတန်းဆိပ်ကမ်း Hteedan Oil Terminal (HOB)မှာ ဆိုက်ကပ်ထားသော စားသုံးဆီတင် MT.AU GEMINI သင်္ဘောကို မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ ဆီကန်ကြီးကြပ်ရေးအဖွဲ့မှ မတ်လ ၁၈ ရက်က ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရပါတယ်။ စာရွက်စာတမ်းများ လွှဲပြောင်းလက်ခံခြင်း၊ သင်္ဘောအရာရှိချုပ်ထံမှ တင်ဆောင်လာတဲ့စားသုံးဆီ၏ အလေးချိန်နှင့် အရည်အသွေးဆိုင်ရာထောက်ခံချက် စာရွက်စာတမ်းများကို စစ်ဆေးလက်ခံခြင်း၊ နမူနာယူခြင်းနှင့် တိုင်းထွာခြင်း၊ သင်္ဘောပေါ်ရှိ စားသုံးဆီများကို သတ်မှတ်စံချိန်စံညွှန်းနှင့် ညီညွတ်မှုရှိ/မရှိ နမူနာယူခြင်း၊ ပမာဏ မှန်ကန်မှု ရှိ/မရှိ တိုင်းထွာစစ်ဆေးခြင်းတို့ကိုပြုလုပ်ခဲ့ကြကြောင်း သိရပါတယ်။ ဒါ့အပြင် သိုလှောင်ကန်သွင်းခြင်း၊ စစ်ဆေးပြီးသော စားသုံးဆီများကို ကမ်းနားရှိသိုလှောင်ကန်များသို့ စနစ်တကျလွှဲပြောင်းသိုလှောင်ခြင်းတို့ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရပါတယ်။ (NVS 004)

19 Mar

ADVERTISE HERE .