“နိုင်ငံတော်ယာယီသမ္မတမှ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အားလက်ခံတွေ့ဆုံ”
19 Mar
နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မတ်လ ၁၈ ရက်မှာ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Ukris Boontanondha ကို နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံစဥ် မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပခဲ့ပြီး လက်ရှိအချိန်၌ လွှတ်တော်အစည်းအဝေးများ ကျင်းပ လျက်ရှိမှု၊ ထိုင်းနိုင်ငံမှာလည်း မကြာမီကာလအတွင်းက ရွေးကောက်ပွဲကျင်းပခဲ့ပြီး ယခုအခါလွှတ်တော်ကျင်းပလျက် ရှိမှုတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်ကြားရှည်ကြာပြီး ကောင်းမွန်တဲ့ သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးတဲ့ ပူးပေါင်းဆောင်ရွက်မှုများရှိမှု၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မှုများပိုမိုတိုးမြှင့်ရေး၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသမှတစ်ဆင့် တရားမဝင် ကုန်သွယ်မှုများမရှိစေရေးနှင့် မူးယစ်ဆေးဝါးများတားဆီးနှိမ်နင်းရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုများလျှော့ချနိုင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် တပ်မတော်နှစ်ရပ်ကြား လေ့ကျင့်ရေးဆိုင်ရာများမှာ ပူးပေါင်းဆောင်ရွက်ရေး၊ အွန်လိုင်းငွေကြေး လိမ်လည်မှုများကို ထိထိရောက်ရောက် ဟန့်တားရှင်းလင်းနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်၊ မြန်မာ-ထိုင်းတပ်မတော်နှစ်ရပ်ကြား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး(HLC) ကျင်းပရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာ-ထိုင်း နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မှုများကို ယခုထက်ပိုမိုတိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ (NVS 004)