“OWIC ကိုင်ဆောင်ထားသူများအနေနဲ့ ခွင့်ပြုချက်ယူပြီးမှသာ ပြည်ပသို့ပြန်လည်ထွက်ခွာရန် ထပ်မံအသိပေး”

19 Mar

ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်ပြား (OWIC) လက်ဝယ်ကိုင်ဆောင်ထားသူများအနေနဲ့ ပြည်ပနိုင်ငံများသို့ ထွက်ခွာမည်ဆိုပါက ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၄ ရက်က စတင်ပြီး သတ်မှတ်စည်းကမ်းများနှင့် အညီ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ခွင့်ပြုချက်ရယူပြီးမှသာ ပြည်ပကို ပြန်လည်ထွက်ခွာရန် လိုအပ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ထပ်မံအသိပေးကြေညာခဲ့ပါတယ်။ PJ နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပသို့ ထွက်ခွာမည့်သူများအတွက် ကျွမ်းကျင်မြန်မာလုပ်သားများ စေလွှတ် နိုင်ရေးနှင့်ပတ်သက်ပြီး လုပ်ဆောင်ရမည့် လုပ်ငန်းအစီစဉ်များကို ၂၀၂၅ ခုနှစ် မတ်လအတွင်းက ထုတ်ပြန်ထားပြီး ပြည်ပထွက်ခွာခွင့်နှင့် ပတ်သက်၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ အနည်းဆုံး ရုံးပိတ်ရက်မပါ ၅ ရက် ကြိုတင်လျှောက်ထားရမှာဖြစ်ပါတယ်။ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေနဲ့ OWIC ပြုလုပ်ခွင့်နှင့် ပြည်ပ ထွက်ခွာခွင့်များကို စိစစ်ခွင့်ပြုပေးနေကြောင်း သိရပါတယ်။ အပြည်ပြည်ဆိုင်လေဆိပ်များက ပေးပို့တဲ့စာရင်းများအရ မိမိအစီအစဉ်နဲ့ ခွင့်ပြန် OWIC လက်ဝယ်ရှိပြီး သူများက အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ တင်ပြခြင်းမရှိဘဲ ပြည်ပသို့ ထွက်ခွာနေသည်ကို တွေ့ရှိရခြင်း ကြောင့် ခွင့်ပြုချက်ရယူပြီးမှသာ ပြန်လည်ထွက်ခွာရန် ထပ်မံအသိပေးကြေညာထားကြောင်း သိရပါတယ်။ (NVS 004)

19 Mar

ADVERTISE HERE .