“အာဆီယံဒေသတွင်း စီးပွားရေးလုပ်ငန်းတွင် MSME လုပ်ငန်းက ၉၀ ရာခိုင်နှုန်းကျော်ရှိပြီး ယင်းလုပ်ငန်းများမှာ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင် ၇၀ ရာခိုင်နှုန်းကျော် ဦးဆောင်နေ”

19 Mar

အာဆီယံဒေသတွင်း စီးပွားရေးလုပ်ငန်းများတွင် MSME လုပ်ငန်းများက ၉၀ ရာခိုင်နှုန်းကျော်ရှိပြီး ယင်းလုပ်ငန်းများမှာ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင် ၇၀ ရာခိုင်နှုန်းကျော် ဦးဆောင်နေကြောင်း မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်း(MWEA)၊ ဒုတိယဥက္ကဋ္ဌ ဒေါ်ချောချောခင် က ပြောကြားခဲ့ပါတယ်။ မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များ အသင်း(Myanmar Women Entrepreneurs Association-MWEA)ကကြီးမှူးပြီး အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားကို မတ်လ ၁၈ ရက်က ပုသိမ်မြို့၊ မြို့တော် ခန်းမမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်းတွင် MSME လုပ်ငန်းရှင်များ အများစုပါဝင်နေတာကို တွေ့ရတဲ့အတွက် များစွာဂုဏ်ယူမိကြောင်းနှင့် MSME လုပ်ငန်းက မဟာဗျူဟာစီမံကိန်းမှာ အဓိကပါဝင်ကြောင်းနှင့် လုပ်ငန်းများ အကောင်အထည်ဖော်တဲ့အခါမှာ အသင်းကြီးနှင့်ချိတ်ဆက်ပြီး အားလုံးပူးပေါင်းဆောင်ရွက်ကာ ကြုံတွေ့ ရတဲ့ အခက်အခဲများကို ကျော်ဖြတ်ရမည်ဖြစ်ကြောင်း MWEA ဒုတိယဥက္ကဋ္ဌ ဒေါ်ချောချောခင် က ပြောကြားပါတယ်။ ဧရာဝတီတိုင်းဒေသကြီးမှာ အသင်းသား ၃,၀၀၀ ကျော်ရှိနေပြီး နောက်ထပ်အသင်းဝင်သစ်များကို ကြိုဆို လျက်ရှိကြောင်း မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း(Myanmar Women Entrepreneurs Association-MWEA)၊ ဥက္ကဋ္ဌ ဒေါက်တာမြတ်သီတာမြင့် က ပြောကြားခဲ့ပါတယ်။ (NVS 004)

19 Mar

ADVERTISE HERE .