“မန္တလေးမြို့ရှိ မဟာမင်းထင်ကျောင်းတိုက် ပြန်လည်ပြုပြင်နေ”

19 Mar

ဂျပန်နိုင်ငံရှိ အေရွန်ကော်ပိုရေးရှင်းနှင့် ဂျပန်ပြည်သူများ၏ လှူဒါန်းငွေဖြင့် မန္တလေးမြို့ရှိ မဟာမင်းထင် ကျောင်းတိုက်အား ပြန်လည်ပြုပြင်မှုကို ကိုးလအတွင်း အပြီးဆောင်ရွက်မယ်လို့ သိရပါတယ်။ ပြုပြင်ဆောင်ရွက်ရာမှာလည်း ရှေးမူမပျက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြုပြင်မွမ်းမံထိန်းသိမ်းလုပ်ငန်း စတင်တဲ့အခမ်းအနားကို မတ်လ ၁၆ ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ မဟာမင်းထင်ကျောင်းက မန္တလေးမြို့မှာ တည်ရှိတဲ့ သမိုင်းဝင်ဗုဒ္ဓဘာသာကျောင်းတော်တစ်ခုဖြစ်ကာ ကျောင်းတော်ကို ၁၈၅၂ ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး မဟာမင်းလှမင်းကျော် ဦးမင်းထင် က လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ကျောင်းတိုက်ပြုပြင်မှုကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ)တို့က ကြီးကြပ်ကာ မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်း တို့က အကောင်အထည်ဖော်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ (NVS 004)

19 Mar

ADVERTISE HERE .