“အီရန်စစ်ပွဲကိုထောက်ခံရန် မိမိအသိတရားကို ဆန့်ကျင်၍မရသောကြောင့် ရာထူးမှနုတ်ထွက်ကြောင်း အမေရိကန် အမျိုးသားအကြမ်းဖက်မှုတိုက်ဖျက်ရေးစင်တာ ညွှန်ကြားရေးမှူးဆို”
18 Mar
အမေရိကန် အမျိုးသားအကြမ်းဖက်မှုတိုက်ဖျက်ရေးစင်တာ(NCTC) ညွှန်ကြားရေးမှူး Joe Kent က မတ်လ ၁၇ ရက်တွင် ရာထူးမှနုတ်ထွက်ကြောင်း ကြေညာခဲ့ပြီး သမ္မတ ထရမ့်ထံပေးပို့သော စာတစ်စောင်တွင် အီရန်စစ်ပွဲကို ထောက်ခံရန် မိမိအသိတရားကို ဆန့်ကျင်၍မရကြောင်း ဖော်ပြခဲ့သည်။ Joe Kent က သမ္မတ ထရမ့်ထံပေးပို့သည့် အိတ်ဖွင့်ပေးစာတစ်စောင်ကို လူမှုကွန်ရက်ပေါ်တွင် တင်ခဲ့ပြီး ထိုစာ၌ NCTC ညွှန်ကြားရေးမှူးရာထူးကနေနုတ်ထွက်ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်ပြီး ဒီနေ့ကစ အကျုံးဝင်မှာ ဖြစ်ပါတယ်။ လက်ရှိဖြစ်ပွားနေသော အီရန်စစ်ပွဲကို ကျွန်တော့်အနေနဲ့ အသိတရားကိုဆန့်ကျင်ပြီး ထောက်ခံဖို့မဖြစ် နိုင်ပါဘူး။ အီရန်ဟာ ကျွန်တော်တို့နိုင်ငံအပေါ် အရေးတကြီးခြိမ်းခြောက်မှု မရှိခဲ့သလို ဒီစစ်ပွဲဟာ အစ္စရေးနှင့် အမေရိကန်ရှိ အစ္စရေးတို့ရဲ့ အင်အားကြီးလော်ဘီအုပ်စုတွေရဲ့ ဖိအားပေးမှုကြောင့် ဖြစ်ပွားရတယ်ဆိုတာ ထင်ရှား လှပါတယ်ဟု ဖော်ပြခဲ့သည်။ NCTC သည် အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံး(DNI) လက်အောက်တွင်ရှိပြီး အဓိကတာဝန် များမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ထောက်လှမ်းရေးအချက်အလက်များကို စုဆောင်းခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးအစီအစဉ်များကို အစိုးရကရေးဆွဲရာတွင် ကူညီရန်ဖြစ်သည်။ (Repost from Xinhua Myanmar)