“မန္တလေးတိုင်းဒေသကြီးအတွင်း ရေရရှိရေးနည်းလမ်းအလိုက် ဒေသန္တရလျာထားမှုဖြင့် သီးနှံစုံ ၅၂,၇၁၅ ဧက စိုက်ပျိုးမည်”
18 Mar
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ၂၀၂၅-၂ဝ၂၆ ခုနှစ်အတွင်း ရေရရှိရေးနည်းလမ်းအလိုက် ဒေသန္တရလျာထားမှုဖြင့် သီးနှံစုံ ၅၂,၇၁၅ ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။ လျာထားစိုက်ပျိုးရာတွင် နွေစပါးများကို ဇော်ဂျီဆည်ရေဖြင့် ၄,၇ဝ၉ ဧက၊ ကင်းတားဆည်ရေဖြင့် ၂၂၃ ဧက၊ နွေနှမ်းသီးနှံများကို ဇော်ဂျီဆည်ရေဖြင့် ၃၁,ဝ၃၇ ဧက၊ ကင်းတားဆည်ရေဖြင့် ၁၃,၁၂၉ ဧက၊ သစ်တကျွန်း ဆည်ရေဖြင့် ဧက ၄ဝ၊ မိုးကြို ပဲတီစိမ်းသီးနှံများကို ဇော်ဂျီဆည်ရေဖြင့် ၂,၇၆၇ ဧက၊ ကင်းတားဆည်ရေဖြင့် ၅၂၉ ဧက၊ မိုးကြို ချည်မျှင်ရှည်ဝါ သီးနှံများကို ကင်းတားဆည်ရေဖြင့် ဧက ၁ဝဝ၊ အခြားသီးနှံများကို ဇော်ဂျီဆည်ရေဖြင့် ၁၈၁ ဧက စုစုပေါင်း ၅၂,၇၁၅ ဧက စိုက်ပျိုးသွားမှာဖြစ်ပါတယ်။ လျာထားနွေစပါးသီးနှံများ ပြည့်ဝကျော်လွန်စွာ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဆည်များအလိုက် အလှည့်ကျရေပေးဝေရေးစသနစ်ဖြင့် စိုက်ပျိုးရေများ ပြည့်ဝစွာပေးဝေပေး လျက်ရှိကြောင်း သိရပါတယ်။ (NVS-004)