“ရော်ဘာလုပ်ငန်းကဏ္ဍကို အမျိုးသားပို့ကုန်မဟာဗျူဟာတွင် အကောင်အထည်ဖော်နိုင်ရန်ညှိနှိုင်းဆွေးနွေးနေ”

18 Mar

ရော်ဘာလုပ်ငန်းကဏ္ဍကို အမျိုးသားပို့ကုန်မဟာဗျူဟာ(၂၀၂၆-၂၀၃၀)တွင် အကောင်အထည်ဖော်နိုင်ရန် ညှိနှိုင်း ဆွေးနွေးလျက်ရှိကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရပါတယ်။ ရော်ဘာနှင့်ပတ်သက်၍ အမျိုးသားပို့ကုန်မဟာဗျူဟာ(၂၀၂၆-၂၀၃၀)တွင် အကောင်အထည်ဖော်ဆောင်ရွက် မည့် လုပ်ငန်းစီမံချက်များကို အပြီးသတ်ရေးဆွဲပြီးပါက အတည်ပြုချက်ရယူရန် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ရော်ဘာကို ၇ ရာခိုင်နှုန်းခန့်သာ ပြည်တွင်းထုတ်လုပ်မှုအတွက် သုံးစွဲကြပြီး ၉၂ ရာခိုင်နှုန်း ခန့်ကို ပြည်ပသို့တင်ပို့နေကြခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် ရော်ဘာကို မွန်ပြည်နယ်၌ အများဆုံးစိုက်ပျိုးထုတ်လုပ်ပြီး တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကျန်ပြည်နယ်များ၌လည်း စိုက်ပျိုးကြလျက်ရှိပါတယ်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်းမှာ ပြည်ပနိုင်ငံများသို့ မြန်မာ့ရော်ဘာတန်ချိန် ၃၈၀,၀၀၀ ခန့်တင်ပို့နိုင်ရန် လျာထားကြောင်း သိရပါတယ်။ (NVS-004)

18 Mar

ADVERTISE HERE .