“ရွှေတိဂုံစေတီတော်သို့ ပြည်တွင်းပြည်ပဘုရားဖူး ရှစ်သိန်းခြောက်သောင်းကျော် လာရောက်ဖူးမြော်”

18 Mar

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်သို့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ပြည်တွင်းပြည်ပဘုရားဖူးဧည့်သည် ရှစ်သိန်းခြောက်သောင်းကျော် လာရောက်ဖူးမြော်ခဲ့ကြကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာထိန်းဂေါပကအဖွဲ့မှ သိရပါ တယ်။ ဖေဖော်ဝါရီလအတွင်း ဘုရားဖူးဝင်ရောက်မှုအနေနဲ့ သံဃာတော် ၁၁,၀၀၂ ပါး၊ သာသနာ့နွယ်ဝင်သီလရှင် ၈,၀၄၆ ပါး၊ အမျိုးသား ၃၇၂,၉၉၈ ဦး၊ အမျိုးသမီး ၄၆၀,၄၉၂ ဦး၊ နိုင်ငံခြားသား ၃,၉၅၈ ဦး၊ နိုင်ငံခြားသူ ၃,၉၄၈ ဦး စုစုပေါင်း ၈၆၀,၄၄၄ ဦးဝင်ရောက်ခဲ့ကြပါတယ်။ အဆိုပါကာလအတွင်း ရွှေတိဂုံစေတီတော်သို့ ပြည်တွင်းပြည်ပဘုရားဖူးဝင်ရောက်မှုသည် ရုံးဖွင့်ရက်များတွင် တစ်ရက်လျှင် အနည်းဆုံးလူဦးရေ တစ်သောင်းဝန်းကျင် လာရောက်ကြပြီး အများပြည်သူရုံးပိတ်ရက်များဖြစ်တဲ့ ဖေဖော်ဝါရီလ ၁ ရက်(တပို့တွဲလပြည့်နေ့)တွင် ၁၇၃,၆၅၀ ဦး၊ ဖေဖော်ဝါရီလ ၈ ရက်(တနင်္ဂနွေနေ့)တွင် ၃၄,၂၈၂ ဦး၊ ဖေဖော်ဝါရီလ ၁၅ ရက် (တနင်္ဂနွေနေ့)တွင် ၅၉,၄၄၉ ဦး၊ ဖေဖော်ဝါရီလ ၁၇ ရက်(တရုတ်နှစ်သစ်ကူးနေ့)တွင် ၅၁,၅၀၅ ဦး အများဆုံး လာရောက်ဖူးမြော်ခဲ့ကြပါတယ်။ ရွှေတိဂုံစေတီတော်ဘဏ္ဍာထိန်းဂေါပကအဖွဲ့သည် ရပ်နီးရပ်ဝေးမှဘုရားဖူးပြည်သူများအား အဆင်ပြေစေရန် နှင့် စိတ်အေးချမ်းသာစွာဖူးမြော်နိုင်ရန် ဘုရားဖူးမြော်ချိန်ကို နံနက် ၄ နာရီမှ ည ၁၀ နာရီအထိ ဖွင့်လှစ်ပေးထားတယ် လို့ သိရပါတယ်။ (NVS-004)

18 Mar

ADVERTISE HERE .