“ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်နှင့် လွဲချော်ပါက ချဲလ်ဆီးအသင်းမှထွက်ခွာမယ့် ဖာနန်ဒက်ဇ်”
18 Mar
ချဲလ်ဆီးအသင်း အနေနဲ့ လာမည့်ဘောလုံးရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်နှင့် လွဲချော်မည်ဆိုပါက ကွင်းလယ်ကစားသမား ဖာနန်ဒက်ဇ် ဟာ လာမည့်နွေရာသီကစားသမားအပြောင်းအရွှေ့ကာလတွင် အသင်းမှ ထွက်ခွာဖွယ်ရှိနေကြောင်း သိရပါတယ်။ အသက် ၂၅ နှစ်ရှိ ဖာနန်ဒက်ဇ် ဟာ ၂၀၂၂ ခုနှစ်မှာ ဘင်ဖီကာအသင်းမှချဲလ်ဆီးအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး အသင်းနှင့်အတူ ဘောလုံးရာသီတိုင်းတွင် အကောင်းဆုံး ခြေစွမ်းပြသခဲ့သူ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းက ယခုနှစ် ဘောလုံးရာသီမှာ နည်းပြဟောင်း မာရက်စ်ကာနှင့် အသင်းတာဝန်ရှိသူများကြား ဆက်ဆံရေးမပြေလည်မှုများ ရှိလာခဲ့ပြီးနောက် နည်းပြသစ်အဖြစ် ရိုစီနီယာကို ခန့်အပ်ခဲ့သော်လည်း ရလဒ်များ မတည်မငြိမ်ဖြစ်နေပြီး ချန်ပီယံ လိဂ်ပြိုင်ပွဲဝင်ခွင့်အတွက် လက်ကျန်ပွဲစဉ်များတွင် ရုန်းကန်ရဖွယ်ရှိနေခြင်းဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းနှင့် ဖာနန်ဒက်ဇ်တို့ စာချုပ်သက်တမ်းမှာ ၂၀၃၂ ခုနှစ်ထိ ကျန်ရှိနေသေးသော်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်နှင့် လွဲချော်မည်ဆိုပါက ဖာနန်ဒက်ဇ် ကို လက်လွှတ်ရဖွယ်ရှိနေကြောင်း သိရပါတယ်။ (NVS 008)