“ပရီးမီးယားလိဂ်မှာဂိုးပါဝင်ပတ်သက်မှု (၁၀၀)ပြည့်တဲ့ တတိယမြောက်ဘရာဇီးလ်ကစားသမားအဖြစ် ရစ်ချာလီဆန် မှတ်တမ်းဝင်”

18 Mar

စပါးအသင်းရဲ့ ဘရာဇီးလ်တိုက်စစ်ကစားသမား ရစ်ချာလီဆန် ဟာ ပရီးမီးယားလိဂ်မှာ ဂိုးပါဝင်ပတ်သက်မှု (၁၀၀)ပြည့်တဲ့ တတိယမြောက် ဘရာဇီးလ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ ရစ်ချာလီဆန် ဟာ လီဗာပူးလ်အသင်းနဲ့ ၁ ဂိုးစီသရေကျတဲ့ပွဲစဉ်မှာ ချေပဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ဒီမှတ်တမ်းကို ပိုင်ဆိုင်သွားခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၇၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂၇ ဂိုး ရှိသွားခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ ရစ်ချာလီဆန် ဟာ ပရီးမီးယားလိဂ်မှာ ဝက်ဖို့ဒ်အတွက် ၅ ဂိုး၊ အဲဗာတန်အတွက် ၄၃ ဂိုး၊ စပါးအသင်းအတွက် ၂၅ ဂိုးသွင်းယူထားခြင်းဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ ဂိုးပါဝင်ပတ်သက်မှု ၁၀၀ ပြည့်မြောက်ခဲ့တဲ့ ဘရာဇီးလ်ကစားသမားတွေက လီဗာပူးလ်ကစားသမား ဖေမီနို နှင့် အာဆင်နယ် ကစားသမား ဂျေးဇူး တို့ ဖြစ်ပါတယ်။ (NVS 008)

18 Mar

ADVERTISE HERE .