“အီရန်အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲ ပြန်လည်ယှဉ်ပြိုင်ဖွယ်ရှိနေ”

18 Mar

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီရန်အသင်း ပြန်လည်ယှဉ်ပြိုင်ဖွယ်ရှိနေပြီး အသင်းအုပ်စုပွဲများကို မက္ကဆီကို အသင်းမှာ ယှဉ်ပြိုင်ကစားဖို့ စဉ်းစားနေပါတယ်။ မတ်လ ၁၁ ရက်မှာ အီရန်အသင်းဟာ လက်ရှိအခြေအနေနဲ့ ကမ္ဘာ့ဖလားယှဉ်ပြိုင်ဖို့ မဖြစ်နိုင်ဘူးလို့ အားကစားဝန်ကြီးဖြစ်သူ ပြောခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)ဥက္ကဋ္ဌ အင်ဖန်တီနို က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဟာ အီရန်အသင်းရဲ့ ယှဉ်ပြိုင်မှုကို ကြိုဆိုကြောင်း ပြောကြားပါတယ်။ အီရန်ဘက်က ကမ္ဘာ့ဖလားမယှဉ်ပြိုင်တော့ဘူးလို့ ပြောဆိုအပြီး နောက်ရက်မှာပဲ သမ္မတဒေါ်နယ်ထရမ့် က အီရန်အသင်းရဲ့လုံခြုံရေးအတွက် အာမခံချက်မပေးနိုင်ဘူးလို့ တုံ့ပြန်ခဲ့ ပါတယ်။ ဒါပေမယ့် ယခုအခါ အီရန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌက အသင်းအုပ်စုပွဲများကို မက္ကဆီကိုနိုင်ငံမှာကစားဖို့ ဆွေးနွေးနေတယ်လို့ လူမှုကွန်ရက်မှာ ဖွင့်ဟလာခဲ့ပါတယ်။ အီရန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု G မှာ ဘယ်လ်ဂျီယံ၊ အီဂျစ်၊ နယူးဇီလန်အသင်းတွေနဲ့ အတူကျရောက်နေပါတယ်။ (NVS 008)

18 Mar

ADVERTISE HERE .