“ကွာတားဖိုင်နယ်မှာ အာဆင်နယ်အသင်းနဲ့ ရင်ဆိုင်ရမယ် စပို့တင်းလစ္စဘွန်းအသင်း”
18 Mar
ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းအသင်းဟာ ချန်ပီယံလိဂ်(၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ နော်ဝေကလပ် ဘိုဒိုဂလင့်အသင်းကို ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ဒုတိယအကျော့မှာ ၅ ဂိုးနဲ့ ပြန်လည်အနိုင်ယူခဲ့ကာ ကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ပြီး အာဆင်နယ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ စပို့တင်းလစ္စဘွန်းက ဘိုဒိုဂလင့် ကို ပုံမှန်ပွဲကစားချိန်အတွင်း ၃ဂိုးပြတ်နဲ့ ပြန်အနိုင်ယူပြီး အချိန်ပိုမှာ ၂ ဂိုး ထပ်မံသွင်းယူကာ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ကွာတားဖိုင်နယ်မှာတော့ လေဗာကူဆင်ကို နှစ်ကျော့ပေါင်း ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူကျော်ဖြတ်ခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ပထမအကျော့ကို ပေါ်တူဂီမြေမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ (NVS 008)
18 Mar