“အချိန်ပိုင်းဖြင့် လျှပ်စစ်ဓာတ်အားများ ပြန်လည်ဖြန့်ဖြူးပေးမည်”
18 Mar
ပူပြင်းသည်ရာသီရောက်ရှိလာချိန်၌ လျှပ်စစ်ဓာတ်အားသုံးစွဲမှုမြင့်တက်လာသဖြင့် ထိန်းညှိခြင်းများ ပြုလုပ် နိုင်ရန် မတ်လ ၁၈ ရက်မှစတင်၍ ဓာတ်အားထုတ်လုပ်နိုင်မှုနှင့်ချိန်ညှိကာ အချို့နေရာ၊ အချိန်များမှာ ဝန်အားမျှတ ခွဲဝေဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကနေ သိရပါတယ်။ နွေရာသီဖြစ်တဲ့ မတ်လမှဇွန်လအထိ စဥ်ဆက်မပြတ်မျှတစွာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်နှင့် လက်ရှိ အချိန်တွင် ရာသီဥတုပူပြင်းမှုကြောင့် ဝန်အားသုံးစွဲမှုမြင့်တက်လာခြင်းကို ထိန်းသိမ်းနိုင်ရန်အတွက် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရပါတယ်။ အခုလိုခွဲဝေဖြန့်ဖြူးမည်ဖြစ်သော်လည်း သဘာဝဓာတ်ငွေ့ရည် LNG သုံး ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်တဲ့ လျှပ်စစ်ဓာတ်အားကိုတိုက်ရိုက်လိုင်းဖြင့် ဓာတ်အားပေးသည့် ဓာတ်အားလိုင်းများကိုမူ ဝန်အားမျှတခွဲဝေ ဖြန့်ဖြူးခြင်းမပြုလုပ်ဘဲ စဥ်ဆက်မပြန်ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်လျော့နည်းခြင်းအရ ဝန်အားမျှတခွဲဝေဖြန့်ဖြူးရခြင်းကို နားလည် ခွင့်လွှတ်ပေးရန်နှင့် လျှပ်စစ်ဓာတ်အားကိုစနစ်တကျချွေတာသုံးစွဲပေးကြပါရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက မေတ္တာရပ်ခံခဲ့ကြောင်း သိရပါတယ်။( NVS 004)