“ပြည်ပသို့ မြန်မာ့ဆန်ပို့ကုန်မြှင့်တင်နိုင်ရန် အထူးဦးစားပေးအစီအစဉ်အဖြစ်ဆောင်ရွက်မည်”
18 Mar
ပြည်ပနိုင်ငံအသီးသီးသို့ မြန်မာ့ဆန်တင်ပို့ရာမှာ ပို့ကုန်မြှင့်တင်နိုင်ရန် အထူးဦးစားပေးအစီအစဉ်အဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။ ၂၀၂၆ ခုနှစ် မတ်လ ၁၀ ရက်အထိ ယခုဘဏ္ဍာနှစ်အတွင်း ဆန်တင်ပို့မှုအနေနဲ့ တန်ချိန် ၂ ဒသမ ၅ သန်း ကျော် တင်ပို့ထားပြီးဖြစ်သောကြောင့် ပြီးခဲ့တဲ့ဘဏ္ဍာနှစ်ကာလတူထက် ပိုမိုတင်ပို့ထားနိုင်ကြောင်းနှင့် ဆက်လက်၍ ကျန်ရှိသည့်ဘဏ္ဍာနှစ်ကုန် (မတ်လကုန်)မတိုင်မီအထိ ပို့ကုန်မြှင့်တင်မှုလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ကြောင်း သိရပါတယ်။ လာမည့်ဘဏ္ဍာနှစ်အတွက်လည်း ပို့ကုန်လျာထားချက်များ၊ ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းစဉ်များ၊ Export တင်ပို့ရာတွင် တွေ့ကြုံနေရသည့်စိန်ခေါ်မှုများ၊ အခက်အခဲများနှင့် Rice Export Zone ဖော်ဆောင်ရေးကိစ္စရပ်များကို ကြိုတင်ဆွေးနွေး အကြံပြုခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။ (NVS 004)