“မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေပြဋ္ဌာန်း”

18 Mar

အခန်း(၈)ခန်းပါဝင်ပြီး ပြစ်မှုအလိုက် ထောင်ဒဏ်နှင့် ငွေဒဏ်များချမှတ်နိုင်တဲ့ မြန်မာနိုင်ငံကူးလက်မှတ် ဆိုင်ရာဥပဒေကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရပြဋ္ဌာန်းခဲ့ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီဥပဒေအမှတ် ၁၉ /၂ဝ၂၆ ဖြင့် မတ်လ ၁၇ ရက်က ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါဥပဒေကို မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်း၊ အသုံးပြုခြင်း၊ သက်တမ်းတိုးခြင်း၊ ငြင်းပယ်ခြင်း (သို့)ပယ်ဖျက်ခြင်းတို့ကို ဥပဒေနှင့်အညီဆောင်ရွက်ပေးနိုင်ရန်၊ မြန်မာနိုင်ငံကူးလက်မှတ် စနစ်တကျထုတ်ပေးခြင်းနဲ့ အမျိုးသားလုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားကိုကာကွယ်ရန်၊ မြန်မာနိုင်ငံကူးလက်မှတ်နဲ့ ပြည်ပနိုင်ငံသို့ ခရီးသွား လာခြင်းကို စနစ်တကျစီမံခန့်ခွဲရန်၊ မြန်မာနိုင်ငံကူးလက်မှတ်ပျောက်ဆုံးခြင်း(သို့) ပျက်စီးခြင်းဖြစ်ပါက ဥပဒေနှင့် အညီဆောင်ရွက်နိုင်ရန်၊ မြန်မာနိုင်ငံကူးလက်မှတ်အတုပြုလုပ်ခြင်း၊ ပြောင်းလဲခြင်း၊ ဖျက်ဆီးခြင်း(သို့) တစ်နည်းနည်းနဲ့ လွှဲပြောင်းခြင်းတို့ကို ဥပဒေနှင့်အညီကာကွယ်နိုင်ရန်တို့အတွက် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးမှဥက္ကဋ္ဌ အဖြစ် တာဝန်ယူ၍ အတွင်းရေးမှူးနှင့် အဖွဲ့ဝင် ၁၀ ဦးတို့နဲ့ ဖွဲ့စည်းမှာ ဖြစ်ပါတယ်။ ပြစ်မှုနှင့် ပြစ်ဒဏ်များအလိုက် ကျူးလွန်မှုအပေါ်လိုက်၍ အများဆုံးထောင်ဒဏ် ၅ နှစ်နှင့် အများဆုံးငွေဒဏ်ကျပ် ၁၅ သိန်းအထိချမှတ်နိုင်သည်ကို ပြဋ္ဌာန်းခဲ့တဲ့ မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေမှာ ဖော်ပြထားပါတယ်။ (NVS 004)

18 Mar

ADVERTISE HERE .