“မြစ်ကြီးနားလေဆိပ် ပြန်လည်ဖွင့်လှစ်”
18 Mar
ဒရုန်းကျရောက်ပေါက်ကွဲမှုကြောင့် ယာယီပိတ်ထားခဲ့ရတဲ့ မြစ်ကြီးနားလေဆိပ်ကို မတ်လ ၁၈ ရက် နေ့မှစတင်ကာ ပြန်လည်ဖွင့်လှစ်မှာ ဖြစ်ကြောင်း သိရပါတယ်။ လေဆိပ်ကို ပြန်လည်ဖွင့်လှစ်ရန် ခွင့်ပြုချက်ရရှိထားပေမယ့် လေယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲမည့် အစီအစဉ်ကိုမူ အတိအကျမသိရသေးဘဲ လက်ရှိမှာ လေဆိပ်ကိုသာ ဖွင့်လှစ်ခွင့်ပေးထားခြင်းဖြစ်ကြောင်း သိရပါတယ်။ သို့သော်လည်း လေယာဉ်ပြေးဆွဲနိုင်ခြင်း ရှိ၊မရှိကို မသိရသေးသော်လည်း လေဆိပ်ပြန်လည် ဖွင့်လှစ်သည်မှာ မှန်ကန်ကြောင်း လေယာဉ်လက်မှတ်အရောင်းဌာနများမှ သိရပါတယ်။ ဖေဖော်ဝါရီလ ၂၀ ရက်၊ ညပိုင်းက FPV အသေခံဒရုန်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် မြစ်ကြီးနားလေဆိပ်မှ မန္တလေးမြို့သို့ ထွက်ခွာရန်အတွက် ခရီးသည်များတင်ဆောင်ပြီး ပြန်လည်ထွက်ခွာမည့် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ထိမှန်ပျက်စီးခဲ့ပြီးနောက် မြစ်ကြီးနားလေဆိပ်ကို ယာယီပိတ်ထားခဲ့ခြင်း ဖြစ်ပါတယ်။ (NVS 004)