“ရန်ကုန်တိုင်းဒေသကြီးအတွင်း G3G Application ဖြင့် စားသုံးဆီဝယ်ယူနိုင်”
18 Mar
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မှတ်ပုံတင်ကိုင်ဆောင်ထားသူတိုင်း G3G Application ကိုအသုံးပြု၍ စားသုံးဆီများကို Door-to-Door စနစ်နဲ့ အလွယ်တကူဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ G3G Application နဲ့ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များသို့ စားသုံးဆီတရားဝင် ဖြန့်ဖြူးရေးအတွက် မတ်လ ၁၆ ရက်နံနက်ပိုင်းက UMFCCI မှာမိတ်ဆက်ရာ G3G Application ၏ Head Of IT ဦးစွမ်းထက်အောင် က G3G Application အကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရပါတယ်။ G3G Application ကို မှတ်ပုံတင်ကိုင်ဆောင်ထားသူ မည်သူမဆို အသုံးပြုနိုင်ပြီး Digital နည်းပညာ အသုံးပြု၍ မြန်မာ MSME ထုတ်ကုန်များကို Local နှင့် Global အသုံးပြုသူများနှင့် ချိတ်ဆက်ပေးခြင်းဖြင့် စီးပွားရေးတိုးတက်မှု ကိုအားပေးမြှင့်တင်ရန်တီထွင်ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 004)
18 Mar