“၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနောက်ဆုံးနေ့မှာ ကျောင်းသား၊ ကျောင်းသူ ၂၅၄,၆၂၄ ဦးဝင်ရောက်ဖြေဆို”

18 Mar

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနောက်ဆုံးနေ့ဖြစ်သော မတ်လ ၁၇ ရက်မှာ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့ကို စာစစ်ဌာန ၈၈၇ ခု၌ ကျောင်းသား၊ ကျောင်းသူ ၂၅၄,၆၂၄ ဦးဝင်ရောက်ဖြေဆိုခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ခရိုင်၊ မြို့နယ်၊ စာစစ်ဌာနများ၊ နိုင်ငံခြား စာစစ်ဌာန ၈၈၇ ခုဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် စက်မှုအတတ်ပညာ၏ (လက်သမားအတက်ပညာနှင့် သစ်သား လုပ်ငန်းဘာသာရပ်၊ စက်မှုလုပ်ငန်းသုံးလျှပ်စစ်မော်တာထိန်းချုပ်မှုဘာသာရပ်၊ စက်ခုတ်စားမှုနည်းပညာဘာသာရပ်)၊ စိုက်ပျိုးရေးအတတ်ပညာ- လူမှုရေးသိပ္ပံဘာသာရပ် နှင့် မွေးမြူရေးအတတ်ပညာ- စားမြုံ့ပြန်သတ္တဝါမွေးမြူထုတ်လုပ် ရေး ဘာသာရပ်တို့ကို စာစစ်ဌာန ၅၃ ခုမှာ ကျောင်းသား၊ ကျောင်းသူ ၃,၃၆၄ ဦး ဝင်ရောက် ဖြေဆိုခဲ့ကြ ကြောင်း သိရပါတယ်။ ၂၀၂၆ ခုနှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲများကို မတ်လ ၁၈ ရက်အထိ ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

18 Mar

ADVERTISE HERE .