“မြန်မာနေရှင်နယ်လိဂ်U-20 ပြိုင်ပွဲအတွက် လူငယ်ကစားသမားအသစ်များခေါ်ယူမယ့် ရှမ်းယူနိုက်တက်အသင်း”
17 Mar
၂၀၂၆ ခုနှစ် မြန်မာနေရှင်နယ်လိဂ် U-20 ပြိုင်ပွဲအတွက် ရှမ်းယူနိုက်တက်အသင်းအနေဖြင့် လူငယ်ကစားသမားအသစ်များကို ရွေးချယ်ခေါ်ယူသွားမည်ဖြစ်ကြောင်း မတ်လ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။ အဆိုပါလူရွေးချယ်ပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ လေးထောင့်ကန်စံပြကျေးရွာ၊ အမှတ် (၇)၊ အောင်မင်္ဂလာလမ်းမှာ မတ်လ ၂၅ ရက်မှ ၃၀ ရက်အထိ ရွေးချယ်သွားမည်ဖြစ်ပါတယ်။ နောက်ဆုံးစာရင်းသွင်းရမည့်ရက်အနေနဲ့ မတ်လ ၂၄ ရက်မှာ ပေးသွင်းသွားရမည်ဖြစ်ပြီး နယ်ဝေးမှ လာရောက်ရွေးချယ်ခံကြမည့်သူများအနေနဲ့ နေရာထိုင်ခင်းကို အသင်းဘက်က စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အားမာန်ပြည့်ဝတဲ့ လူငယ်ခြေတက်တွေနဲ့အတူ သွေးသစ်လောင်းကာ အကောင်းဆုံးယှဉ်ပြိုင်ကစားသွားဖို့ ပြင်ဆင်နေတယ်လို့ ရှမ်းယူနိုက်တက်အသင်းက အသိပေးထားပါတယ်။ ရှမ်းယူနိုက်တက်အသင်းက ပြည်တွင်း ကလပ်များအနက် သက်တမ်းအလိုက် အမျိုးသား/အမျိုးသမီး စုဖွဲ့မှုအကောင်းဆုံးနှင့် အင်အားအတောင့်တင်းဆုံး ဘောလုံးကလပ်အသင်းတစ်ခုလည်းဖြစ်ပါတယ်။ (NVS 008)