“တစ်ရာသီအတွင်း ဂိုးဖန်တီးမှုအများဆုံးပြုလုပ်နိုင်တဲ့ မန်ယူကစားသမားအဖြစ် ဘရူနိုဖာနန်ဒက်စ် စံချိန်တင်”
17 Mar
မန်ယူအသင်းရဲ့ ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ် ဟာ ပရီးမီးယားလိဂ်မှာ တစ်ရာသီအတွင်း ဂိုးဖန်တီးမှုအများဆုံးပြုလုပ်နိုင်တဲ့ မန်ယူကစားသမားအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရပါတယ်။ မန်ယူအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် ဟာ အက်စတွန်ဗီလာအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိတဲ့ ပွဲစဉ် မှာ ဂိုးဖန်တီးမှုနှစ်ကြိမ် ပြုလုပ်နိုင်ခဲ့တာကြောင့် လက်ရှိရာသီပရီးမီးယားလိဂ်မှာ စုစုပေါင်းဂိုးဖန်တီးမှု ၁၆ ကြိမ် ရှိသွား ခဲ့ပြီး စံချိန်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ မန်ယူအသင်းအတွက် ပရီးမီးယားလိဂ် ဂိုးဖန်တီးမှုအများဆုံးအဖြစ် စံချိန်တင်ထားသူက ဒေးဗစ်ဘက်ခမ်း ၁၅ ကြိမ်ဖြစ်ပြီး ဘရူနိုဖာနန်ဒက်စ်က ဒီစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ဖြစ်ပါတယ်။ ဒါ့အပြင် ဘရူနိုဖာနန်ဒက်စ် ဟာ ပရီးမီးယားလိဂ်ခေတ်မှာ သွင်းဂိုး ၁၀၅ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၁၀၀ နဲ့အထက် ရောက်ရှိတဲ့ တတိယမြောက်မန်ယူကစားသမားအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။ (NVS 008)