“ပထမဆုံးကိုင်တွယ်တဲ့ အိမ်ကွင်း ၆ ပွဲဆက်အနိုင်ရတဲ့နည်းပြအဖြစ်မှတ်တမ်းတင်နိုင်ခဲ့တဲ့ မိုက်ကယ်ကာရစ်”

17 Mar

မန်ယူနည်းပြ ကာရစ် ဟာ ပထမဆုံးကိုင်တွယ်တဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ် ၆ ပွဲဆက် အနိုင်ရရှိတဲ့ ပထမဆုံးမန်ယူနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ ကာရစ် ဟာ ၂၀၂၁ ခုနှစ်မှာ မန်ယူအသင်းရဲ့ ယာယီနည်းပြအဖြစ် ပထမအကြိမ် ကိုင်တွယ်ခဲ့တုန်းက ပရီးမီးယားလိဂ်အိမ်ကွင်းပွဲမှာ အာဆင်နယ်အသင်းကို အနိုင်ရခဲ့ပြီး ဒီရာသီပရီးမီးယားလိဂ်အိမ်ကွင်းပွဲတွေမှာ မန်စီးတီး၊ ဖူလ်ဟမ်၊ စပါး၊ ခရစ္စတယ်ပဲလေ့စ်နဲ့ အက်စတွန်ဗီလာ တို့ကို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ ပထမဆုံးကိုင်တွယ်တဲ့ အိမ်ကွင်း ၆ ပွဲဆက် အနိုင်ရတဲ့နည်းပြက အဲရစ်ဆင်၊ အန်ဆယ်လော့တီ နဲ့ ပယ်လီဂရီနီ တို့ ၃ ဦးသာရှိဖူးတာကြောင့် ကာရစ် က ၄ ဦးမြောက်နည်းပြအဖြစ် မှတ်တမ်း ဝင်ခဲ့တာ ဖြစ်ပါတယ်။ (NVS 008)

17 Mar

ADVERTISE HERE .