“ကက်စမဲရိုး ကို အသင်းမှာဆက်ရှိနေဖို့ မန်ယူအသင်းကစားသမားများက အလိုရှိနေတယ်လို့ဆိုတဲ့ ယိုရို”
17 Mar
မန်ယူအသင်းကစားသမားတွေက ဘရာဇီးလ်ဝါရင့်ကွင်းလယ်ကစားသမား ကက်စမဲရိုး ကို အသင်းမှာ ဆက်နေဖို့ အလိုရှိနေတယ်လို့ နောက်ခံကစားသမား ယိုရို က ပြောကြားခဲ့ပါတယ်။ မန်ယူအသင်းက ရာသီကုန်မှာ ကက်စမဲရို ဟာ ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အသင်းနဲ့ လမ်းခွဲတော့မယ်လို့ အစောပိုင်းကတည်းက ကြေညာထားတာဖြစ်ပါတယ်။ ဒါပေမယ့် အက်စတွန်ဗီလာနဲ့ပွဲမှာ အဖွင့်ဂိုးသွင်းပြီးနောက် အသင်းပရိသတ်တွေက သူ့ကို နောက်တစ်နှစ် ဆက်နေဖို့ တောင်းဆိုခဲ့ပါတယ်။ ကက်စမဲရို ဟာ လက်ရှိစာချုပ်အရ တစ်ပတ်ပေါင် သုံးသိန်းခွဲခန့်ရရှိနေပြီး တစ်နှစ် ပေါင် ၁၈ ဒသမ ၂ သန်း ဝန်းကျင်ရှိပါတယ်။ စာချုပ်မှာ တစ်နှစ်သက်တမ်းတိုးခွင့်ပါဝင်ပေမယ့် သူ့ရဲ့လက်ရှိလစာ မြင့်မားနေမှုက အဓိကပြဿနာ ဖြစ်နေပါတယ်။ (NVS 008)
17 Mar