“စက်သုံးဆီအခြေအနေကြောင့် အိမ်အရောက် ဆန်ပို့တဲ့ အစီအစဉ်ကို ယာယီရပ်နားထား”

17 Mar

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)နှင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းတို့ ပူးပေါင်းဆောင်ရွက် နေတဲ့ စားသုံးသူများထံသို့ ဆန်များကို အိမ်အရောက်ပို့စနစ် (Home Delivery) ဖြင့် ဖြန့်ဖြူးရောင်းချတဲ့အစီအစဉ်ကို ယာယီရပ်နားထားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ၂၀၂၆ ခုနှစ် မတ်လ ၁၆ ရက်တွင် အသိပေးထုတ်ပြန်ခဲ့ပါတယ်။ ဆန်ဈေးနှုန်းများ တည်ငြိမ်မှန်ကန်စေရေးအတွက် အဆိုပါ Home Delivery စနစ်ဖြင့် စားသုံးသူများထံသို့ ဆန်များကို ရောင်းချပေးလျက်ရှိရာ ယနေ့အထိ စုစုပေါင်း ဆန်အိတ် ၁,၁၆၁ အိတ်ကို ပေးပို့ရောင်းချပြီးဖြစ်ကြောင်း သိရပါတယ်။ လက်ရှိကမ္ဘာတစ်ဝှမ်း ဖြစ်ပေါ်နေတဲ့ စက်သုံးဆီအခြေအနေများကြောင့် ဆန်များကို အချိန်နှင့်အညီ အိမ်အရောက်ပို့ဆောင်ရန် အခက်အခဲများ ရှိလာသဖြင့် Home Delivery အစီအစဉ်ကို ယာယီရပ်နားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ သို့သော် လက်ရှိငွေပေးသွင်းထားပြီးဖြစ်တဲ့ စားသုံးသူများနှင့် အမှာစာပေးထားပြီးဖြစ်တဲ့ စားသုံးသူများ ထံသို့ ဆန်များကို ဆက်လက်ပေးပို့ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ဆန်အိမ်အရောက်ပို့ စနစ်နဲ့ ဖြန့်ဖြူးရောင်းချတဲ့အစီအစဉ်ကို ၂၀၂၆ ခုနှစ် မတ်လ ၁၇ ရက်နေ့မှ စတင်၍ ယာယီရပ်နားထားမည်ဖြစ်ပြီး ပြန်လည်ဆောင်ရွက်မည့် အစီအစဉ်နှင့်ပတ်သက်၍ ထပ်မံကြေညာပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က အသိပေးထားပါတယ်။ (NVS 004)

17 Mar

ADVERTISE HERE .