“တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်မိတ်ဆက်”
17 Mar
လာမည့် မတ်လ ၂၀ ရက်မှာ အစီအစဥ် ၁၈ ရပ်ဖြင့်ကျင်းပမည့် တတိယအကြိမ် ပဲခူးတိုင်းဒေသကြီး လွှတ်တော်မိတ်ဆက်ခြင်းကို တိုင်းဒေသကြီးလွှတ်တော်ရုံး၊ အစည်းအဝေးခန်းမမှာ မတ်လ ၁၆ ရက်နံနက်ပိုင်းက ကျင်းပရာ ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတက်ရောက်ခဲ့ကြောင်း သိရပါတယ်။ တိုင်းဒေသကြီးဝန်ကြီးချုပ်က လွှတ်တော်၏တာဝန်များဖြစ်တဲ့ ဥပဒေပြုခြင်း၊ ပြည်သူလူထုကိုကိုယ်စား ပြုခြင်း၊ စောင့်ကြည့်ထိန်းသိမ်းခြင်းတို့ကို အများပြည်သူ ထိထိရောက်ရောက် အကျိုးခံစားနိုင်စေရေးအတွက် ကြိုးပမ်း ဆောင်ရွက်ရမည်ဟုမှာကြားခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် လွှတ်တော်၏ အဓိကလုပ်ငန်းစဉ်(၃)ရပ်ကိုပြည်သူများ စိတ်ဝင်တစားပူးပေါင်းလာသည်နှင့်အမျှ ပိုမိုအားကောင်းပြီး ထိရောက်တဲ့လွှတ်တော်တစ်ရပ်အဖြစ် ဖော်ဆောင်နိုင်မည်ဖြစ်၍ ပြည်သူများက ယုံကြည် အားထားမှုရှိသော လွှတ်တော်တစ်ရပ်ဖြစ်ပေါ်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်ကို မှာကြားခဲ့ပါတယ်။ အဲဒီနောက် တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက တစ်ဦးချင်းမိတ်ဆက် ခဲ့ကြကြောင်း သိရပါတယ်။ (NVS 004)