“ထိုင်းအမျိုးသားလွှတ်တော်အစည်းအဝေးစတင်ဖွင့်လှစ်ဖွင့်ပွဲကို မြန်မာသံအမတ်ကြီးတက်ရောက်ခဲ့”

17 Mar

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ အမျိုးသားလွှတ်တော်မှာ မတ်လ ၁၄ ရက်က ကျင်းပတဲ့ ၂၀၂၆ ခုနှစ် ထိုင်းအမျိုးသားလွှတ်တော်အစည်းအဝေးဖွင့်ပွဲကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုး တက်ရောက် ခဲ့ပါတယ်။ ထိုင်းဘုရင်မင်းမြတ်က နိုင်ငံနှင့်လူမျိုးအကျိုးစီးပွားအတွက် လွှတ်တော်အမတ်များအနေနဲ့ တာဝန်ဝတ္တရား များကို ကျေပွန်စွာထမ်းဆောင်ကြရန် တော်ဝင်မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ ၂၀၂၆ ခုနှစ် ထိုင်းအမျိုးသားလွှတ်တော်အစည်းအဝေးဖွင့်ပွဲသို့ မြန်မာသံအမတ်ကြီးအပါအဝင် အောက်လွှတ်တော်ကိုယ်စားလှယ် များ၊ အထက်လွှတ်တော်အမတ်များ၊ အိမ်စောင့်အစိုးရအဖွဲ့ဝင်များ၊ ဘန်ကောက်မြို့ရှိ သံရုံး/အဖွဲ့ရုံးများနှင့် ကောင်စစ် ဝန်ရုံးများ၏ အကြီးအကဲများတက်ရောက်ခဲ့ကြပါတယ်။ (NVS 004)

17 Mar

ADVERTISE HERE .