“ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် အင်းလေးရေပေါ်သင်္ကြန်ပွဲတော် ကျင်းပသွားမည်”

16 Mar

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် အင်းလေးရေပေါ်သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ရှမ်းပြည်နယ်)ထံမှ သိရပါတယ်။ ယခု ၂၀၂၆ ခုနှစ် မဟာသင်္ကြန်ပွဲတော်ကာလတွင် ရှမ်းပြည်နယ်အတွင်း ခရီးသွားများ အဓိကဝင်ရောက် လေ့ရှိတဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့်(အရှေ့ပိုင်း)ရှိ မြို့ကြီးများ၌ ဗဟိုမဏ္ဍပ်များ၊ ရေကစားမဏ္ဍပ်များနှင့် ဖျော်ဖြေရေးမဏ္ဍပ်များဖြင့် စည်စည်ကားကားကျင်းပသွားမှာဖြစ်ပါတယ်။ ကျင်းပပြုလုပ်ရာတွင် သင်္ကြန်မဏ္ဍပ်များကို တောင်ကြီးမြို့၊ ဗိုလ်ချုပ်လမ်းမပေါ်မှာ ထားရှိဆောင်ရွက်မှာသွား ဖြစ်ပြီး အင်းလေးရေပေါ်သင်္ကြန်ကိုတော့ သင်္ကြန်ယိမ်းအကပြိုင်ပွဲများ၊ ဖျော်ဖြေရေးအစီအစဉ်များနှင့် စတုဒိသာ ကျွေးမွေးခြင်း၊ မြန်မာ့ရိုးရာ သနပ်ခါးသင်္ကြန်ပါ ထည့်သွင်းကျင်းပနိုင်ရန် ဆောင်ရွက်လျက်ရှိနေပါတယ်။ (NVS-004)

16 Mar

ADVERTISE HERE .